home

Tuesday, October 19, 2010

မိတ်ဆွေများ

ဒီညတော့ စိတ်မှာဝမ်းနည်းမှူဝမ်းသာမှူ များစွာနဲ့ စာတွေရေးချလိုက်တယ်

ပေါက်ကွဲမှူ သံစဉ်တွေ၊ ခံစားမှူ သံစဉ်တွေ ဖြစ်ကုန်တယ်

ကျနော် မှာ စာကို သူများဖတ်ကောင်းအောင် မရေးတပ်သေးပါ၊ မိမိ စိတ်ထဲမှာ ရှိတာတွေကို ရေးလိုက်

ခြင်းဖြစ်ပါတယ်၊


ဒီရက်ပိုင်းအတွင်း ကျနော်ဘ၀မှာ အချိန် အတော်ကြာ ဝေးကွာနေသော မိတ်ဆွေ များနှင့် ဖေ့ဘွတ်မှာ FB

ပြန်လည်တွေ့ ဆုံရတော အရမ်းဝမ်းသာမိတယ်၊ အခို့ သူငယ်ချင်းများက တော်လှန်ရေး နယ်မြေ မှာတွေ့ ကြတာ၊

အခို့ မိတ်ဆွေ များက မြန်မာပြည်မှာထဲကအတူလက်တွဲ့  ပြီး စစ်အစိုးရ ဆန်ကျင်ရေး လုပ်ခဲ့ကြတယ်၊

အချိုမိတ်သူငယ်ချင်းများက ကျောင်းနေဖက် လက်တွဲဖေါ်တွေ….

စာတွေရိုက်ပြီး မေးကြမြန်းကြ နဲ့ အတော် ပျော်သွားမိတယ်။

အများစုကတော့ အိမ်ထောင်တွေကြ၊ သားသမီးတွေ နဲ့ အလုပ်တွေ များနေကြတယ်၊ အနာဂါတ် မိုးဆက်

တွေ ကိုယ်ဆီနဲ့ ၊ ကိုယ်မှာလည်း သူတို့ လိုပဲ မိသားစု နဲ့ သမီးတစ်ယောက်၊ သားတစ်ယောက် ။

ပြန်စဉ်းစားလိုက်တော့ ဘာမှာမကြာသေးသလိုနဲ့ အနှစ် ၂၀ ကျော် ကာလကြီးကို ဖြတ်သန်းခဲ့တာပါလည်း။

သူငယ်ချင်းတို့ ရေ တို့ တွေ အားလုံး ရည်းမှန်းချက် တစ်ခုတည်းနဲ့ ဘ၀ကို ပေးဆပ်ခဲ့တာ တွေကို လုံးဝ

မမေ့ကြဖို ၊ ဘယ်လိုအခြေအနေ မိုး ရောက်နေ နေ။ အမိမြန်မာပြည်အတွက် ငါတို့ အားလုံး အမြဲအစဉ်သင့်

ရှိနေမယ်ဆိုတာ ထာဝရ ယုံကြည်ပါတယ်၊

အမိမြန်မာ ပြည်က ထွက်ခွါခဲ့တာ ငါတို့ အားလုံး စစ်အာဏာရှင် စနစ်ကြီး ကို တိုက်ဖျက်ဖို့ ၊လက်နက်ကိုင်တော်

လှန်ရေးကို ယုံကြည်စွာနဲ တော်တောင်ထဲမှာ ဆင်းရဲချင်းများစွာ၊ ဒုက္ခပေါင်းများတွေကို ဆန်ကျင်တိုက်ဖျက်ပြီး

တစ်ဦးကို တစ်ဦး ဖေးမကူညီပြီး တိုက်ပွဲတွေ ဆင်နွဲခဲ့တာ ပြန်လည်အမှတ်ရမိတယ်။

သူငယ်ချင်းများစွာနဲ့ ပြန်လည်အဆက်အသွယ်ရတော့ ငယ်မူငယ်စိတ်တွေ ပြန်လည်အသစ်မွှေးဖွားခဲ့တယ်။

တော်လှန်ရေးသည် ငါတို့ ကျောင်း၊ ငါတို့ တက္ကသိုလ် ဆို့ တဲ့ ဆောင်ပုဒ်ကို ပြန်လည်မြင်ယောင်ပြီး၊ စိတ်တွေ

အရမ်းလှူပ်ရှားသွားမိတယ်။

အခိုသူငယ်ချင်းမိတ်ဆွေတွေကတော့ တိုက်ပွဲတွေမှာ ကျဆုံးသွားကြတယ်၊ ကိုယ်နဲ့ အတူတူ တော့ခိုခဲ့တဲ့

ပြီးခဲ့တဲ့ နှစ်က ဂုရုကြီး တစ်ယောက်တော့ မဲဆောက်မြို့ မှာ သေဆုံးသွားကြောင်း မိတ်ဆွေတစ်ခိုဆီက

ဖုန်းနဲ့ မနက်အစောကြီးဆက်လာလို့ အရမ်းဝမ်းနည်းသွားရတယ်၊သွားနှင့်ဦးတော့သူငယ်ချင်းရေ၊ မွှေးကြိုင်ကို

တွေရင်သာပြောလိုက်ပါ၊ သူရဲကောင်းဆိုတာ လူသာသေပေမဲ့၊ မင်းတို့ အမည်တွေကတော့ ကမ္ဘာတည်သ၍

တည်မြဲနေမည်။လေးစားစွာဖြင့် လေးလေးနက်နက် အလေးပြုလိုက်ပါတယ်ကွာ။။။။။။

ကျနော် မိတ်ဆွေ မွှေးကြိုင် တစ်ယောက်အကြောင်း နောက်တော့ ကြိုးစားပြီး ရေးအုံးမည်၊သူရဲကောင်း

ပီသစွာ ကယားပြည်နယ် တစ်နေရာ ကလလတ နယ်မြေတွင် ကျဆုံးသွားခဲ့သည်။


ကိုလင်း

No comments:

Post a Comment