home

Saturday, October 23, 2010

ကျွန်တော်ကြိုက်သော ဟာသ အတိုအစများ

ကျနော်လည်း ဒီည အိပ်မရတာနဲ့ အင်တာနက်ထဲ့မှာ ရှောက်လှည်ပြီး စာတွေ သတင်းတွေ ကို ဖတ်ရင်း

မြန်မာ ဟာသလေးတွေ တွေ့ လို့ ဖတ်ကြည်းရင်း အရမ်းသဘောကျလို့ ယူထားလိုက်တယ်၊

မိတ်ဆွေ တွေ့ လည်း ဖတ်ကြည်လိုက် အရမ်းရီရတယ် .

အပြင်းလည်းပြေ …… ……… ရှည်တာပေါ့ ၊၊၊၊

မောင်ချစ် ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..

ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့

အဖေ့အပေါ် မူတည်တယ်

“ မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ ”

“ အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေ ဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ်

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။

“ ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ”

“ ရွှေကို ယူမှာပေါ့ ”

“ ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ”

“ သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ ”

ကိုလှ။ ။ဟေး ကိုမြ၊ ခင်ဗျားမျက်နှာကလဲဗျာ၊ ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။
ကိုမြ။ ။သွားကိုက်လို့ပါဗျာ။ သွားဆရာဝန်ကောင်းကောင်းတစ်ယောက်လောက်ခင်ဗျားသိလား။
နှုတ်ပစ်မလို့ အဲဒီသွားကို။
ကိုလှ။ ။ဟာ.နှုတ်ပစ်စရာမလိုပါဘူးဗျာ။ ကျနော့လိုလုပ်ပါလား။
ဟိုနေ့ကကျနော်လဲသွားကိုက်တာ၊ အဲဒါကျနော့မိန်းမကိုခေါ်ပြီး
နှုတ်ခမ်းချင်းစုပ်ပြီးနမ်းလိုက်တာ ကောင်းသွားရောဗျ။
ခင်ဗျားလည်းစမ်းကြည့်ပါလား။
ကိုမြ။ ။ဟာ...အဲဒါဆိုမဆိုးဘူးဗျ။ ကျနော်စမ်းကြည့်မယ်ဗျာ။
ဘယ်မှာလဲ ခင်ဗျားမိန်းမ။

မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.
ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး...
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့..............

အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့၊ မလုံတလုံ
ဝတ်ထားတဲ့ဖက်ရှင်ရှိုးတွေသွားမကြည့်ဖို့ အမြဲပြောတယ်။
အဖေ့စကားနားမထောင်ဘဲအဲဒီလိုနေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ
မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။အဖေက မသွားနဲ့ ပြောမှ တခါမှ
မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး
လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ဝင်ဝင်ချင်းပဲ မမြင်သင့်တာကို
ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲသိလား...ကျွန်တော့် "အဖေ" ကိုလေ....

လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက “ လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်” လို့ ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့ တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ” ဟူသတည်း။

ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် “ အနှစ် ၅၀ စောင့်ရလိမ့်မယ်”
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

ဒုတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် “နှစ် ၁၀၀ စောင့်ရလိမ့်မယ်”
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်”

တတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ အကျွန်ုပ် မမီတော့ဘူး ထင်တယ်” ဟူတည်း။

No comments:

Post a Comment