home

Wednesday, December 29, 2010

ငယ်ချစ်..ငယ်ချစ်..

ကျနော် နှစ်သက်တဲ့ ဒီသီချင်းလေးကို ကိုယ်တိုင် ဖြတ် ညှတ်ကပ်လုပ်ပြီး
ဗီဒီယိုလုပ်ထားတာ.........
သတိရ နေမိသော ...ငယ်ချစ် ..ငယ်ချစ်...
ပြောနေသူများအတွက်.....

ဘာတွေဖြစ်နေကြတာလဲ…..

ကျနော် ဒီနေ့ မြန်မာပြည်သား အခိုနဲ့ စကားတွေ ပြောရင်း မြန်မာပြည် နိုင်ငံရေး အကြောင်း အရာ

ရောက်သွားကြတယ်။ အဲဒီမှာ ဘာတွေ ဆွေးနွေး ဖြစ်သလဲဆိုတော့…..အများစုပြောကြတာက

မြန်မာပြည် ဒီမိုကရေစီရရင်တောင် မပြန်နိုင်ဘူးတဲ့၊ ဒီနိုင်ငံတွေ ရောက်နေတာ ကောင်းတယ်။

အစစအရာရာ အားလုံးအဆင်ပြေတယ်လို့ ပြောကြတယ်။ အဲဒီလိုတွေးရင်လဲ မှန်ပါတယ်။

ဒါပေမဲ့ ဖြစ်နေတာက မြန်မာပြည် ဒီမိုကရေစီကိစ္စတွေ၊ မြန်မာပြည်က ပြည်သူတွေ ဒုက္ခ ရောက်နေတာ

တွေက သူတို့ နဲ့ မဆိုင်သလို ပြောနေကြတယ်၊ ဝမ်းနည်းစရာအလွန်ကောင်းစွာတွေရတယ်၊

၈၈၈၈ ရေးတော်ပုံကြီး အကြောင်းလဲမသိကြ၊ အဲဒီ အရေးတော်ပုံကြီးမှာ ပါဝင် ခဲ့ကြသူတွေကို

လည်း အထင်တောင်သေးလိုက်တဲ့သဘော်တွေ တွေ့ နေရတယ်၊ ကျောင်းသားတပ်မတော် မကဒတ

ဆိုတာကို မသိဘဲ၊ ဟိုပြောဒီပြော လုပ်ချင်ကြတယ်၊ အဲဒီ မကဒတ က ကျောင်းသားရဲဘော်တွေ အနှစ်

နာ ခံခဲ့တာကို မသိသလို လုပ်ချင်ကြတယ်။

မကဒတ ကျောင်းသားရဲဘော်ဟောင်းတွေ နိုင်ငံခြား ရောက်နေတာကို သူတို့ လိုပဲထင်နေကြတယ်။

ဘာကြောင့် နိုင်ငံခြားရောက်ခဲ့ရသလဲ၊ သူတို့ ဘာတွေ တော်ထဲ့မှာ လုပ်ခဲ့ကြသလဲ၊ မြန်မာပြည် ဒီမိုကရေ

ရေးအတွက် သူတို့ ဘဝတွေ ဘယ်လောက်စွန့် လွတ်ခဲ့သလဲဆိုတာ၊ လုံးဝမသိဘဲ ပြောချင်ရာ ပြောနေကြတာ

တွေတော့ ကျနော် တော်တော် စိတ်ဆိုးသွားတယ်။

ထားလိုက်ပါတော့၊ သူတို့ ဘဝတွေက ဒီလို နိုင်ငံရပ်ခြားလာဖို့ ငွေတွေ ပုံ့ ပေးပြီး လာခဲ့သူရှိသလို၊ နယ်စပ်

ဒုက္ခ သည် စခန်း မှာ သွားရောက်နေထိုင်ပြီး ထွက်လာသူတွေလည်းဖြစ်နေတော့ တော်လှန်ရေး ရဲဘော်

တွေရဲ့ အနှစ်နာခံ တာကို မသိတာလဲဖြစ်မှာပါ။

တခို့ က ၈၈၈၈ အရေးတော်ပုံကြီးကို မသိပဲ ၉၆ ခုနှစ် ကျောင်းသာအရေး အခင်း လောက် ပဲ ဖြစ်ခဲ့တယ်လို့  ထင်တဲ သူတွေလည်း ရှိနေတယ်။ အဲဒီ အရေးအခင်း နှစ်ခုစလုံးက စစ်အာဏာရှင် စနစ်ကို တော်လှန်တာမှန်ပေမဲ့

လူထုလူတန်းစား ပါဝင်ပုံ က လုံးဝမတူသလို၊ ကြီးကျယ်ပုံကလည်း လုံးဝမတူဘူးဆိုတာ ကျနော်ပြေလည်း

နား မဝင်ကြဘူး။ ကျနော်ဘာလုပ်နိုင်မလဲ။ ဒါကြောင့် ကျနော် အချိန်ရရင် ၈၈၈၈ အရေးတော်ပုံ သမိုင်းဝင်

ဗီဒီယို တွေ၊ တော်တွင်းတိုက်ပွဲ ဗီဒီယိုမှတ်တမ်းတွေကို ဖြတ်ညှတ်ကပ် လုပ်ပြီး သီချင်း နဲ့ ဗီဒီယို များပြုလုပ်

ပြီး အင်တာနက်မှာ တင်နေတာပဲလုပ်လိုက်တယ်။ လောလောဆယ် အဲဒီလိုပဲ လုပ်ပြနိုင်သေးတယ်၊

မြန်မာပြည် စည်းလုံးညီညွတ် ဖို့ တော်တော် လုပ်ရအုံးမယ်ဆိုတာ ပိုပေါ်လွင်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည့် တယောက် အဲဒီလူတွေကို တွေ့ ရင် ဘယ်လိုပြောမလဲ၊

ဘယ်သူသေသေ ငတေမာပြီရော ဆိုတဲ့ သူတွေ နဲ့ ခပ်ကင်းကင်း နေတာကောင်းပါတယ်၊

နိုင်ငံရပ်ခြား ရောက်လာပြီး၊ မြန်မာပြည်သားလို့ တောင်မပြောချင်သူတွေ အတွက် သင်ရောဘယ်လို

သဘောထားမလဲသူငယ်ချင်း၊ ငါကတော့ ကိုယ်လုပ်စရာကိုယ်ဘာသာ ဆက်လုပ်နေမယ်………

တကောင်ထဲပဲ….ဒါပေမဲ့ …..ခြင်္သေံ အမြဲဖြစ်နေတယ်။။။။။။။။။။။။။။

Tuesday, December 28, 2010

လူတွေကခက်တယ်ဗျာ

မိုးတိမ်ညို ဘလော့ခ်မှ ကူးယူဖော်ပြသည်။

လူတွေကခက်တယ်ဗျာ။ ခက်တယ်ဆိုတာဒီလိုပါ။ နားလည်မှု့မရှိတာ၊ မသိတတ်တာ၊ အတ္တကြီးတာ၊ ကိုယ်ချင်းမစာတတ်တာ အဲဒါတွေကြောင့် ခက်တယ်လို့ပြောတာ။ သူများခက်တာကိုပဲ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ခက်တွေလည်း ပါပါတယ်။ ကျွန်တော်လည်း လူပဲကို။ ကျွန်တော်ခက်တာတွေကိုတော့ ပြီးမှပြောမယ်ဗျာ။ သူများခက်တာတွေ အရင် ပြောပါရစေ။

လူတွေမှာ အခက်ဆုံးတစ်ခုက ကိုယ့်ကိုယ်ကို မမြင်နိုင်တာပဲ။ ဘာတဲ့ သူများမျက်ချေးကိုပဲ မြင်ပြီး ကိုယ့်မျက်ချေးကြတော့ မမြင်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကိစ္စတွေမှာ တကယ်မှန်တယ်ဗျ။ ကျွန်တော်တွေ့ဘူးတဲ့ မိန်းမတစ်ယောက်ဆိုရင် ဒီလိုပြောတယ်ဗျာ။ "ဟိုကောင်မများ အားအားယားယား သူများအတင်းချနေလိုက်တာ ကျုပ်တို့ဖြင့် သူများအကြောင်း ယောင်လို့ တောင်မပြောပေါင်" တဲ့။ ကဲဗျာ။ သူပြောတာကြားတော့ ကျွန်တော် ပြုံးပဲ ပြုံးမိပါတော့တယ်။ ဒါကြောင့်ပြောတာ။ လူတွေက ခက်တယ်လို့။

တလောက ဖတ်ဖူးတဲ့ ဘူးရွက်ဟင်းချို ဇာတ်လမ်းလေး လဲအဲလိုပဲ။ အတိုချုံးပဲ ပြောတော့မယ်ဗျာ။ လင်မယား နှစ်ယောက်နဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။ ယောက်ကျားက လေဖြတ်နေတော့ စီးပွားရေး အဆင်မပြေကြဘူး ပေါ့ဗျာ။ တစ်ရက်ကြတော့ ဟင်းချက်မလို့ ဟင်းမရှိတော့ မိန်းမက အပျိုပေါက်အရွယ် သမီးလေးကို ဘေးအိမ်မှာ ဘူးညွှန့် သွားခူးခိုင်းတယ်တဲ့။ ဘူးညွှန့် သွားခူးတဲ့ သမီးလေးက အပြန်ကြတော့ ငိုပြီး ပြန်လာတယ်တဲ့ဗျာ။ အမေက မေးတော့ အဲဒီသွားခူးတဲ့ အိမ်ကအဒေါ်ကြီးက ဘူးညွှန့်လာခူးလို့ တင်တင်စီးစီး ပြောလိုက်လို့ ငိုတာလို့ပြောသတဲ့။ အဲဒါနဲ့ အဖေရော အမေရော စိတ်မကောင်းဖြစ်ကြပြီး ဘူးညွှန့် တစ်စီး အတွက်နဲ့ ဒီလိုအပြောခံရတာ နောက်အပြောမခံရအောင် ကြိုးစားမယ် ဆိုပြီး ကြိုးစားကြတာ နောက်တော့ စီးပွားရေး အတန်အသင့် အဆင်ပြေသွားတဲ့ အကြောင်းပါ။

ဒီဇာတ်လမ်းက ယေဘူယျအားဖြင့် ဘာ မက်ဆေ့စ် ပေးချင်တာလည်းဆိုတော့ ဘူးရွက်တစ်ညွှန့်ကြောင့် မခံချင်စိတ်၊ အဲဒီကနေကြိုးစားချင်စိတ်ပေါ်လာပြီး အောင်မြင်တဲ့အကြောင်း အဲလိုပြောချင်တာ လို့ယူဆပါတယ်။ တခြားဖက်ကနေတွေးကြည့်လိုက်ရင် ဒီလိုဗျ။

ဘူးရွက်သွားတောင်းလို့ ပြောဆိုလွတ်လိုက်တဲ့ မိန်းမကြီးက အပြင်လောကမှာ ဆိုရင် ဘယ်လိုနေမလဲ။ တော်ရုံတန်ရုံ စိတ်ထားရှိတဲ့သူတစ်ယောက်ဆိုရင် ဘူးရွက်တစ်ခါလာတောင်းရုံ နဲ့တော့ စိတ်မဆိုးလောက်ပါဘူး။ သူတို့မိသားစုကရော ဘူးရွက်အပြင်ဘာတောင်းဖူးလဲ။ နေ့တိုင်းတောင်းနေသလား။ အဲလိုဆိုရင်တော့ သူသူကိုယ်ကိုယ်စိတ်တိုမှာပဲလေ။ အဲလိုမမြင်ပဲနဲ့ ဘူးရွက်လေးတောင်းတာများ ပြောဆိုလိုကတာလို့ ပဲလူတွေကမြင်ကြတယ်လေ။ ကိုယ့်လိုအပ်ချက်ကိုကြတော့ မမြင်ကြဘူး။ ကဲ မခက်လား။

ပြီးတော့လာပြီ ကျွန်တော့်အကြောင်း။ စင်ကာပူမှာ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် ဖြစ်တာ တစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ စက်ဘီးတွေ ပလက်ဖောင်းပေါ် တက်စီးတာကိုပဲ။ လမ်းလေးများ အေးအေးဆေးဆေး လျှောက်ရင်ချင် ဘယ်တော့မှ အေးအေး မလျှောက်ရဘူး။ နောက်ကနေ ကလင် ကလင် နဲ့လုပ်လိုက် တိန် ကနဲ တင်ကနဲ တီးလိုက်နဲ့ တော်တော် စိတ်အနှောက်အယှက်ဖြစ်တယ်။ တစ်ခါတစ်လေ နောက်ကနေ ဆောင့်တွန်းပစ်ချင်စိတ်တောင် ပေါက်မိပါရဲ့။

အဲ ဒါက ကျွန်တော်စက်ဘီး မစီးဖူးခင်က အတွေးခင်ဗျ။
ကျွန်တော် တစ်ခါတော့ သူငယ်ချင်း စက်ဘီးယူစီးပြီး တစ်နေရာသွားပြန်တော့ ဟဲဟဲ လမ်းလျှောက်နေတဲ့ သူတွေကို နောက်ကနေ သိမ်းကျုံး တိုက်ပစ်ချင်ပြန်ရောဗျာ။ ဘယ်နှယ့်ဗျာ ရှေ့မှာ ကိုးလိုးကန့်လန့်နဲ့။ ဘယ်ဘက်ရှောင်ရမလို ညာဘက်က ရှောင်ရမလိုနဲ့။ တော်တော် ခက်တဲ့ လူတွေပဲ။

အဲဒီမှာ ကျွန်တော်ဘာသွားတွေ့လည်း ဆိုတော့ ကျွန်တော်တို့ရဲ့ အတ္တကိုပဲဗျ။ လူတိုင်းမှာတော့ အနည်းနဲ့ အများ အတ္တရှိကြတာပဲ။ အတ္တမရှိဖို့ဆိုတာ သာမာန်လူအတွက် မလွယ်ပါဘူး။ အဲဒီအတ္တကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ အပေါ်မှာစဉ်းစားသင့်ပါတယ်။

ကောင်းတဲ့ အရာအားလုံးကို လူတိုင်းလိုက်လုပ်နိုင်တာ မဟုတ်ဘူးဗျ။ ဥပမာ ငါးပါးသီလ ကိုပဲကြည့်လေ။ ကောင်းတယ်၊ လူတိုင်းသိတယ်။ ဒါပေမယ့် တစ်ကယ် လုံနိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးဗျ။ လက်ချိုးရေကြည့်လို့ရတယ်။

တစ်ခါတစ်လေကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ အဲဒီ အတ္တကြောင့်ပဲလို့ ထင်ပါတယ်။ လူတိုင်းကတော့ ကိုယ်မှန်တယ်လို့ ထင်ကြတာပဲ။ တစ်ချို့ကိစ္စတွေမှာ နှစ်ယောက်လုံးမှန်တယ်ဗျ။ ဥပမာ ခွေးသား အရမ်းကြိုက်တဲ့သူနဲ့ ခွေးအရမ်းချစ်တဲ့ သူအတူတူနေကြရင် တစ်ချိန်ချိန်တော့ ပြသနာ တက်မှာပဲ လို့တွေးကြည့်လို့ရတယ်ဗျ။ ဘယ်သူမှားသလဲ မှန်သလဲကတော့ ဘယ်လိုပြောမလဲ။

လူတွေကခက်နေတာ ရုပ်ရှင်ထဲကလို လူဆိုးနဲ့ ဇာတ်လိုက်ကွင်းကွင်းကွက်ကွက်ကြီး ခွဲကြည့်ချင်ကြတယ်။ အပြင်လောကမှာ အဲဒီအခြေအနေကရှားပါတယ်။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ ကျွန်တော်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့သူ၊ မတဲ့ခဲ့တဲ့သူတွေအကြောင်း။ သေသေချာချာစဉ်းစားကြည့်ရင် သူတို့လည်း သူတို့ အသိုင်းအ၀ိုင်းမှာတော့ ပုံမှန်လူတွေပဲ။ အဲ တစ်ချို့သူတွေအတွက်တော့ လူကောင်းတွေပဲ။ အဲလိုဆို တော့ကျွန်တော်ကရောလူဆိုးလား။ ကျွန်တော်လည်းလူဆိုးမဟုတ်ဘူး လို့ထင်တာပါပဲ။ အဖြေကတော့ အခြေအနေတစ်ခုခုမှာ ကတောက်ကဆဖြစ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြတာပဲလို့။ အဲဒါကို လူဆိုးလူကောင်းခွဲနေလို့ကတော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူးဗျ။

တကယ်ဗျ။ လူတစ်ချို့ကတော်တော်ခက်တယ်။ ကိုယ့်အမှားကိုယ် ဘယ်တော့မှ မမြင်ဘူး။ သူများအမှားပဲ မြင်တတ်တယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါချင်ပါမှာပါ။ တကယ်ဖြစ်သင့်တာက လူတစ်ယောက်ယောက်နဲ့ အဆင်မပြေဖြစ်ရင် ငါဘာမှားသွားလည်း အရင်စဉ်းစားသင့်တယ်။ ပြီးမှ အကြောင်းအရင်း သေချာရှာ။ ရုပ်ရှင်ပြသလို တစ်ကွက်ခြင်းရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။ အဲလို မဟုတ်ပဲ ငါဒီလောက်ကောင်းတာကို ဟိုအကောင်များ ယုတ်မာလိုက်တာလို့ စဉ်းစားရင်တော့ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူး။

Chicken Soup For the Soul ထဲက ၀တ္ထုတိုလေး တစ်ပုဒ်လိုပဲ။ ဒီလိုဗျ။

တစ်ခါက ခရီးသွားတစ်ဦးက မြို့တစ်မြို့နားရောက်လာတော့ မြို့ အ၀င်ဝမှာ ထိုင်နေတဲ့ ပညာရှိကြီး ချဉ်းကပ်ပြီး ဒီမြို့က လူတွေက စိတ်နေစိတ်ထား ဘယ်လိုရှိကြသလဲလို့ မေးတယ်တဲ့။ အဲဒီတော့ ပညာရှိကြီးက ခရီးသွားကို ခင်ဗျား အရင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကရော ဘယ်လိုလဲဗျလို့ ပြန်မေးလိုက်တယ်တဲ့။ အဲဒီတော့ ခရီးသွားက ‘ဟာဗျာ အရင်မြို့ကလူတွေကတော့ ယုတ်မာလိုက်တာဗျာ။ တကယ်ကို စိတ်ပုတ်တဲ့ သူတွေပဲ ကျွန်တော်ဖြင့် အဲဒီမြို့က မြန်မြန်ထွက်လာတာ ကံကောင်းတာပဲ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေသတဲ့။

ခဏနေတော့ နောက်ခရီးသွားတစ်ဦးရောက်လာပြီး ပထမခရီးသွားအတိုင်းပဲ မေးပြန်သတဲ့။ ပညာရှိကြီးလည်း ပထမခရီးသွားကို မေးသလိုပြန်မေးတော့ ဒုတိယခရီးသွားက ‘အရင်မြို့က လူတွေကဗျာ တော်တော် ကိုစိတ်ကောင်းရှိကြတာဗျ။ ကူညီတတ်တာလည်းလွန်ရောဗျာ။ စိတ်ထားလည်း ကောင်းလိုက်ကြတာ။ ကျုပ်ဖြင့် အဲဒီမြို့က ထွက်လာရတာ စိတ်တောင် မကောင်းဘူး။ မဖြစ်လို့သာ ထွက်လာခဲ့တာ’ လို့ ဖြေသတဲ့။ အဲဒီတော့ ပညာရှိကြီးက ‘ဒီမြို့မှာလည်း ခင်ဗျား အဲလိုလူတွေပဲ တွေ့ရဦးမှာပါပဲ’ လို့ ပြန်ဖြေလိုက်ပါတယ်တဲ့။

ကဲအဲဒီတော့ဗျာ မိတ်ဆွေလည်း တခြားလူတွေကပဲ တော်တော်ခက်တယ် (ကိုယ်ကတော့ မခက်ဘူး) လို့ ထင်နေရင် အင်း ရှေ့လျှောက်လည်း ခက်တဲ့ သူတွေပဲ တွေ့ရဦးမှာပါပဲ လို့ ပညာရှိကြီးက ပြောမှာ အသေအချာပဲဗျို့။

ဒီဇင်ဘာ ၂၀၁၀။
မိုးတိမ်ညို

မိုးတိမ်ညို ဘလော့ခ်မှ ကူးယူဖော်ပြသည်။

Tuesday, December 21, 2010

ဥိးသန်းရွှေကို ထောက်ခံခြင်း


ဥိးသန်းရွှေကို ထောက်ခံခြင်း ( ရေးသားသူ..ကောင်းကင်ကလူ )

မြန်မာနိုင်ငံတွင် မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်သန်းရွှေမှ သင်တန်းဆင်းပွဲအခမ်းအနားတစ်ခုတွင် ခပ်တည်တည်ပြောကြားသွားခဲ့သည်။

ကျွန်ပ် အနေနှင့်လည်း တာဝန်သိအမျိုးချစ်ပြည်သူတယောက်ပီသစွာ ခပ်ပြောင်ပြောင် ဖော်လိုလိုက်ရသည်ရှိသော်-


စက်မှုလယ်ယာ။ ။ လယ်ယာသုံး စက်ပစ္စည်းများကို မယူမနေရ အိမ်တိုင်ယာရောက် လက်ငင်း အကြွေး အဆင်ပြေသလို ဝေငှပြီးသဖြင့် လယ်ယာသမားတိုင်း အနည်းဆုံး စက်တစ်လုံး ပိုင်ဆိုင်နေကြပြီဖြစ်သည်။

လက်မှုလယ်ယာ။ ။ စာရွက်စာတမ်း နှင့် စာရင်းဇယားပေါ်တွင် လျာထားချက်ထက် ကျော်လွန်၍ ထွက်ရှိနေလျက်ရှိသည်။

စိုက်ပျိုးရေး ။ ။ UNODC မှပင် အသိအမှတ်ပြုရသည်အထိ ဘိန်းစိုက်ပျိုးရေးတွင် အထူးဖွံ့ဖြိုးတိုးတက် နေသည်။ နောင်အနာဂတ်တွင် ကမ္ဘာ့နံပါတ်တစ် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသအဖြစ်ရောက်ရှိအောင်
အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း သက်ဆိုင်သူများမှ ကတိပြုပြောကြားထားသည်။

စွမ်းအင် ။ ။ နောက်ချေး မှ လျှပ်စစ်ဓါတ်အား ထုတ်ယူသုံးစွဲခြင်း။ ကြက်ဆူဆီမှ လောင်စာဆီထုတ်ယူသုံးစွဲခြင်းဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများကပင် လက်ဖျားခါသွားရသည်အထိ တိုးတက်လျက်ရှိသည်။ သို့သော် သနားကြင်နာတတ်သော မြန်မာနိုင်ငံသားများသည် တိရိစ္ဆာန်များကို
မနှိပ်စက်လိုသဖြင့် အစိုးရမှ ဖြန့်ဖြူးပေးသော ဓါတ်အားကို သာ သုံးစွဲကြသော်လည်း နိုင်ငံနှင့်အ၀ှမ်း မီးလာချိန်တွင် ထိန်ထိန်လင်း နေသည်ကို တွေ့ရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသဖြင့်လည်း ကြက်ဆူအစားထိုး ဒီဇယ် ဓါတ်ဆီများကိုသာ အများဆုံးသုံးစွဲနေကြလျက်ရှိသည်။

ကာကွယ်ရေး ။ ။ ဂျီသရီး မီးကျိုးမောင်းပျက် သေနတ်မှသည် အဏုမြူလက်နက် တပ်ဆင်ရန်ကြိုးပမ်းသည်အထိ ကြောက်ခမန်းလိလိ တိုးတက်လျက်ရှိသည်။ နှစ်စဉ် တပ်မတော်အရာရှိများ အများအပြားမွေးထုတ်နိုင်နေသဖြင့် နောင်အနာဂတ် တပ်မတော်တွင် စစ်ဆင်ရေးဆင်နွဲရာ ၌ ဗိုလ် အဆင့်ကို အနိမ့်ဆုံးအဖြစ် သတ်မှတ်နိုင်လာတော့မည်ဖြစ်သည်။ ပြည်တွင်းရေးတည်ငြိမ်မှုကို
ဖျက်ဆီးနိုင်သော အေးချမ်းစွာဆန္နပြမှုများကို ဖြိုခွင်းရန် ဖွင့်လှစ်သော တိတ်တိတ်ပုန်း တုတ်သိုင်း သင်တန်းများတွင်လည်း နေ့စားလပေး စွမ်းအားရှင်များ တက်တက်ကြွကြွ တက်ရောက်လျက် မခံမရပ်နိုင်သောပြည်သူများ အမည်ကိုခံယူရန် အဆင်သင့်ဖြစ်နေကြလျက်ရှိသည်။

ပညာရေး ။ ။ ဗိုလ်ချုပ်ကြီးများနှင့် စူပါ စီးပွါးရေးသမားများ၏ သားသမီးများအားလုံးနီးပါး နိုင်ငံခြားကျောင်းများတွင် ပညာသင်ယူနေနိုင် ကြပြီဖြစ်သည်။ ပြည်ပတွင် မတက်ရောက်နိုင်သူများကိုလည်း အေးချမ်းစွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ် များကို မြို့ပြင်ရွာနီးချုပ်စပ်များသို့ ပို့ဆောင်ပေးထားပြီးဖြစ်သည်။ ပြည်တွင်းတွင်လည်း ၀ိဇ္ဖာ သိပ္ပံ နေ့တက် / အဝေးသင်၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ဆရာဝန် ၊မဟာဘွဲ့၊ ပါရဂူဘွဲ့ စသည့် ပညာတတ်များ စက်နှင့်လှည့်ထုတ်သကဲ့သို့ အရေအတွက်များစွာ နှစ်စဉ်ပေါ်ထွန်းနေပေသည်။ အထူးတိုးတက်သည့်အချက်မှာ ဘွဲ့ရ ပညာတတ်အားလုံးနီးပါး အမိမြန်မာစာကို ကောင်းစွာ ရေးတတ် ဖတ်တတ် ပြောဆိုတတ်ကြခြင်းဖြစ်သည်။ နိုင်ငံတ၀န်းလုံးအတိုင်းအတာ အရဆိုလျှင် စာမသင်နိုင်သူများမှလွဲ၍ အားလံုး စာတတ်မြောက်နေပြီဖြစ်ကြောင်း ၀မ်းမြောက်ဖွယ်တွေ့၇ှိရပေသည်။

အလုပ်အကိုင်အခွင့်အလမ်း ။ ။ သိသာထင်ရှားစွာပင် တိုးတက်နေပြီဖြစ်သည်။
ဘွဲ့ရလူငယ်များအနေဖြင့် ဆိုက်ကားသမား ၊ ကွမ်းယာသည် ၊ဂျာနယ်လက်ပွေ့ရောင်းသူ အစရှိသဖြင့် တပိုင်တနိင် ကိုယ်ပိုင်လုပ်ငန်းကို လွတ်လွတ်လပ်လပ် ထူထောင်နိုင်သကဲ့သို့ အရောင်းစာရေး ။ စားပွဲထိုး ။ စပယ်ရာ စသည့် လခစားအလုပ်များတွင်လည်း ထိုက်ထိုက်တန်တန် လစာများဖြင့်
ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီ ဖြစ်သည်။ အစိုးရ၀န်ထမ်း အပိုင်းတွင်လည်း အသိပညာ အတတ်ပညာများ လွန်စွာပြည့်စုံသည်ဟု ထင်ရသော အရပ်ဝတ်လဲ ပုဂ္ဂိုလ်များကို ထိပ်ပိုင်းရာထူးများတွင် တာဝန်ယူစေပြီးဖြစ်သည်။ ပညာမတတ်သူများပင်လျှင် အနှိပ်ခန်း။ ကာရာအိုကေ။ အလှပြင်ဆိုင်။
နိုက်ကလပ်များတွင် လွယ်လင့်တကူ လုပ်ကိုင်နီုင်ရန် လမ်းဖွင့်ပေးထားလျက်ရှိသည်။ ကလေးသူငယ်များမှအစ လ္ဘက်ရည်ဆိုင်တွင် စားပွဲထိုးနေပြီဖြစ်သဖြင့် မကြာမတင်ကာလတွင် ကမ္ဘာ့အလယ်
အလုပ်လက်မဲ့အနည်းဆုံးနိုင်ငံအဖြစ် ၀င့်ထည်နိုင်တော့ မည်ဖြစ်သည်။

ဆန်၊ ဆီ၊ သားငါးရေထွက်ပစ္စည်း ။ ။ အခြေခံစားကုန်များအားလုံး ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်မှုကြောင့် ငွေကြေးတတ်နိုင်သူအားလုံး အလွယ်တကူ ၀ယ်ယူစားသုံးနိုင်နေပြီဖြစ်သည်။ စားသုံးရန် မသင့်တော်သော ပုစွန်ထုပ်ကြီးများ ၊ ငါးသလောက်အကောင်ကြီးများ ၊ စံမီ ငါးရှဥ့်များကို
နိုင်ငံတော်မှ အနစ်နာခံကာ အခြားတိုင်းပြည်များသို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
ကုန်ဈေးနှုန်းများလည်း တည်ငြီမ်၍ ငွေကြေးဖောင်းပွမှုနှုန်း အလွန်နည်း သဖြင့် ပြည်သူအများစုမှာ ကန်စွန်းရွက်နှင့် ငါးပိကဲ့သို့သော ဗီတာမင်ပြည့်ဝသည့်အစာများကို နေ့စဉ် စားသုံးနိုင်လျက်ရှိကြသည်။

ဆက်သွယ်ရေး ။ ။ ပြည်သူများ ကွန်ပြူတာ အင်တာနက်နှင့် ထိတွေ့ချိန်ပိုမိုများပြားစေရန် ရည်ရွယ်၍ အင်တာနက်လိုင်းများ နှေးကွေးစေခြင်းဖြင့်လည်းကောင်း ။ အကျော်အခွ ဗဟုသုတတိုးပွါးစေရန် ရည်သန်၍
နိုင်ငံရေး ဆိုဒ်များကို ဘန်းထားခြင်းဖြင့် လည်းကောင်း အဘက်ဘက်မှ စနစ်တကျမြှင့်တင်လျက်ရှိသည်။ အခြေခံဆက်သွယ်ရေးဖြစ်သည့် တယ်လီဖုန်းဆိုလျှင်လည်း အနှစ်နှစ်ဆယ်အတွင်း တဖြေးဖြေး
ကြိုးပမ်းလာမှုကြောင့် အနိမ့်ဆုံးဈေးမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အဆတစ်ရာကျော်ကျော်လေးသာ မြင့်တက်နေတော့သည်။ ယခု နှုန်းအတိုင်းဆိုလျှင် နောက်ထပ်အနှစ်လေးဆယ်မှ ခြောက်ဆယ်အတွင်း နိင်ငံတကာနှင့် တန်းတူပြည်သူတိုင်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း အားတက်စဖွယ် တွေ့ရှိရသည်။
ဖုန်းလိုင်းများ များပြားလာသကဲ့သို့ ခေါ်မရခြင်း။ စကားသံမကြားရခြင်း။ မတ်ဆေ့ခ်ျ မှားယွင်းရောက်ရှိခြင်း ကဲ့သို့သော အသေးအဖွဲပြဿနာလေးများမှလွဲ၍ ပြည်သူအများစုမှာ စတိုင်ကျကျ ဖုန်းကို ပါးစပ်နားကပ်ပြီး ပြောတတ်နေပြီဖြစ်သည်။

လမ်း/ တံတား ။ ။ လမ်းများ တံတားများကို ငွေအား လူအားမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ပေးခဲ့သဖြင့် ပြည်သူများမှာ စိတ်အေးချမ်းသာစွာ ထိုက်ထိုက်တန်တန် အခွန်အခပေးပြီး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ တံတားများမှာလည်း မဟာဗျူဟာကျကျ တည်ဆောက်ထားသဖြင့် ဆူပူမှုရှိလာပါက ဖြတ်တောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ပြည်သူများ အေးချမ်းစွာဘာမျှမသိရှိဘဲ
နေနိုင်မည် ဖြစ်သည်။

သတင်းမီဒီယာ ။ ။ မီဒီယာများအနေဖြင့် သတင်းမှန်များကို ကြေးမုံနှင့်မြန်မာ့အလင်းကဲ့သို့ စောင်ေ၇အများဆုံးရိုက်နှိပ်ထုတ်ဝေသော သတင်းစာများတွင် ဖော်ပြခွင့်ရရှိနေကြပြီဖြစ်သည်။ အခြားသော ဂျာနယ်များတွင် ဖော်ပြသောသတင်းများကိုလည်း စာပေစိစစ်ရေးနှင့် သဘောမတွေ့သော
စာမူများမှအပ ကျန်သည့်ကြော်ငြာကဲ့သို့သော အရာများကို လွတ်လပ်စွာ ဖော်ပြခွင့်ရှိနေပြီ ဖြစ်ရာ မကြုံစဖူး ထူးကဲသော မီဒီယာလွတ်လပ်ခွင့်ကို ရရှိနေကြပြီဖြစ်သည်။အနုပညာရှင်များကိုလည်း မသီဆိုရ။ မရိုက်ကူးရ။
မထုတ်လုပ်ရ ဟု ပိတ်ပင်သည်မှ လွဲ၍ အသက်ကိုရန်မရှာဘဲ လွတ်လပ်စွာဖျော်ဖြေနိုင်သည် ဖြစ်ပေသည်။

နိုင်ငံခြားရေး ။ ။ ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပြည်ပထွက် အလုပ်လုပ်နိုင်ရေးအတွက် ပတ်စ်ပို့ရုံးတွင် နိုင်ငံသားတိုင်း ထုတ်ယူကိုင်ဆောင်နိုင်ရန် သိန်းဂဏန်းမျှသော ငွေကြေးဖြင့် စေတနာကြီးမားစွာ
ထုတ်ပေးနေလျက်ရှိသည်။ နိုင်ငံတကာဆက်ဆံေ၇းတွင်လည်း တရုတ်နိုင်ငံနှင့်သားအဖ ၊ မြောက်ကိုရီးယားနှင့် သမီးယောက်ဖ သဖွယ်ရင်းနှီးခင်မင်စွာဆက်ဆံလျက်၇ှိရာ ကမ္ဘာ့တလွှားတွင် ရောက်ရှိနေကြသော ရွှေမြန်မာများမှာ မိမိတို့၏ ပတ်စ်ပို့အနီရောင်လေးများကို ပြသလိုက်သည်နှင့် တလေးတစား အရေးပေး ဆက်ဆံခံနေရလျက်ရှိပေသည်။

တွင်းထွက် နှင့် သယံဇာတ ။ ။ကျွန်းသစ်၊ ရေနံ ၊ သဘာဝဓါတ်ငွေ့၊ ပတ္တမြား ၊ကျောက်စိမ်း ၊ သစ်မွှေး ၊ရာဘာ ၊ ကြိမ် အစရှိသည့် ငွေရပေါက်ရလမ်းရှိသည့် အရာအားလုံးကို စီမံကိန်းလျာထားချက်ထက် ကျော်လွန်အောင် တင်ပို့ရောင်းချလျက်ရှိသည်။ ရရှိလာသော ဘဏ္ဏာငွေများမှာ လွန်စွာများပြားသော်လည်း တိုင်းတပါးမှ မျက်စိကျကျူးကျော်မည်စိုးသောကြောင့် စာရင်းမပြဘဲ တာဝန်ရှိသူများက အနစ်နာခံ ထိန်းသိမ်းပေးထားလျက်ရှိသည်။

ကျန်းမာရေး ။ ။ မိမိပိုင်ဆိုင်မှုနှင့် ညီမျှသည့် ကျန်းမာရေးဝန်ဆောင်မှုကို ပြည်သူများ လွယ်ကူစွာ ရရှိနိုင်ကြနေပြီဖြစ်သည်။ ခုတင် ၁၀၀ဆန့်ဆေးရုံ ။ ခုတင် ၃၀၀ ဆန့်ဆေးရုံ စသဖြင့် တိုင်းပြည်အနံ့
တည်ဆောက်ပေးပြီးဖြစ်သဖြင့် ဆေးနှင့် ဆရာဝန်လုံလောက်စွာ မရှိသော်လည်း ပြည်သူများမှာ ထိုခုတင်များပေါ်တွင် အေးချမ်းစွာ ဝေဒနာခံစားရင်း သေရက်ကို စောင့်မျှော်နိုင်နေပြီဖြစ်သည်။ ကျန်းမာေ၇း အတွက် လွန်စွာ အန္တရာယ်ကြီးသော စားအုန်းဆီကို ရောနှောေ၇ာင်းချခြင်းကို စီးပွါးရေး လိုအပ်ချက်အရ မသိချင်ယောင်ဆောင်နေရသော်လည်း ဓါတုဆိုးဆေးများသုံးသော အစားအသောက်နှင့်ဆေးဝါးများကို လုံလောက်သောငွေကြေး မရရှိမချင်း ထုတ်ဝေခွင့်ပိတ်ပင်ထားခြင်းဖြင့် ပြည်သူများ၏ ကျန်းမာေ၇းကို ကာကွယ်ပေးလျက်ရှိသည်။

လူမှုရေး ။ ။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဖြစ်သဖြင့် လူကုန်ကူးမှုကို တင်းကျပ်သော ဥပဒေများ ထုတ်ကာ တားဆီးနှိမ်နင်းခဲ့သဖြင့် အာဏာပိုင်အဖွဲ့အစည်းမှလွဲပြီး မည်သူမျှ
မလုပ်ကိုင်ရဲကြသည်ကို လည်း စိတ်ချမ်းမြေ့ဖွယ် တွေ့ရှိနေရသည်။ နိင်ငံလူဦးရေ တိုးတက်မှုနှုန်းနှေးကွေး သဖြင့် တရုတ်နိုင်ငံမှ ဆွေမျိုးပေါက်ဖော်များကို တိုးတိုးတိတ်တိတ် နိင်ငံသားလက်မှတ်ထုတ်ပေးကာ
အမြော်အမြင်ရှိရှိ ဆောင်၇ွက်နေသဖြင့်လည်း မန္တလေး လားရှိုး မြို့များတွင် မြန်မာစစ်စစ်ပြည်သူများမှာ မျက်စိရှုပ်နားရှုပ်သော မြို့တွင်း နေရာများကို စွန့်ခွါ၍ မြို့သစ်များကို ပြောင်းေ၇ွ့နေထိုင်ကာ မျက်စိအေး နားအေး နေထိုင်နိုင်လျက်ရှိပေသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ။ ။ မုန်တိုင်းဒဏ်ခံပြည်သူများအတွက်
အလှုငွေများကို တက်တက်ကြွကြွ ထိန်းသိမ်းပေးထားခြင်း။ စေတနာ၇ှင်များမှ လှုဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများတွင် နာမည်တပ်၍ လှုဒါန်းခြင်း စသည်များကြောင့် နိုင်ငံတော်၏ စေတနာကို သေချာစွာ နားလည်သဘောပေါက်လာလျက်ရှိကြသည်။ အလှည့်ကျမီးလောင်သော ဈေးများကိုလည်း
အမြန်ဆုံးကန်ထရိုက်ပေး၍ အဆင့်မြှင့်ဈေးသစ်တည်ဆောက်နိင်ခြင်းကြောင့်လည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူသော မေတ္တာပို့သံများကိုလည်း ဝေေ၀စည်စည် တိုင်းပြည်အနှံ့ ကြားသိနိုင်နေပြီ ဖြစ်သည်။

အားကစား ။ ။ ဤကဏ္ဍတွင်လည်း အထူးတလည် ရှင်းပြစရာမလိုအောင်ပင် တိုးတက်နေသည်မှာ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။ မြန်မာနေရှင်နယ်အာဖရိကန်လိဂ် ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကာ
အရည်အသွေးထက်မြက်သော နိုင်ငံကိုယ်စားပြုဘောလုံးသမားများ မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်ပွဲ အလီလီဆင်နိုင်လုနီးနီးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံတော်၏ ထောက်ပံ့အားပေးမှုများကြောင့် အားကစားသမားများမှာလည်း တက်တက်ကြွကြွ ယှဉ်ပြိုင်ကြသည်မှာ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရန် လက်တကမ်းအလို သို့ရောက်ရှိနေပြီဖြစ်ကြောင်းထင်ရှားနေပေသည်။

ဘာသာရေး ။ ။ မကြုံစဖူးထူးကဲလှစွာသော ချီးမြှောက်မှုများကြောင့် ထောင်ကျ အကျဉ်းသားများပင် သံဃာတော်များကို အားရပါးရ ဖူးမြော်ခွင့်ရရှိနေသော အချိန်အခါဖြစ်သည်။ “လက်ညိုးညွှန်ရာ ဘုရားဖြစ်စေ” ဟုဆိုရမတတ် တည်ထားသော ဘုရားပုထိုးများကြောင့် ပြည်သူပြည်သားတို့မှာ ဘာသာရေးကို ပိုမိုကိုင်းရှိုင်းလာကြသည်မှာ ညဘက် တံခါးခေါက်သံကြားသည်နှင့် ဘုရားတပြီး
ဖြစ်နေသည်အထိပင်။

စီးပွါးရေး ။ ။ သူတောင်းစားကြီးများ ပင် တိုက်ဆောက်ကားစီးနေနိုင်သဖြင့် လွန်စွာ ဂုဏ်ယူဖွယ် ကောင်းလှပေသည်။ တစ်ဦးချင်း ၀င်ငွေတွင်လည်း မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင်သော်လည်းကောင်း ၊အစိုးရငွေလဲလှယ်နှုန်းဖြင့် တွက်ချက်လျှင်သော်လည်းကောင်း လုံးဝနိမ့်ကျနေခြင်းမရှိပေ။ ပြည်သူများမှာလည်း စီးပွါးရေး ချောင်လည်ကြသဖြင့် အိမ်ထောင်စုတခုတွင် အိမ်ဦးနတ်က ဘောပွဲလောင်း၊
အိမ်ရှင်မက နှစ်လုံးထီထိုး ၊ သားကြိးက ကျူတံကိုင် ၊ သမီးငယ်က ချိုင်းဖတ် ချဲတွက် စသဖြင့် အေးအေးလူလူ လုပ်ကိုင်စားသောက်နိုင်ကြပေသည်။ နိုင်ငံတ၀န်း လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် တရားဝင်၊ တရားမ၀င် လုပ်ဆောင်နိုင်ခြင်းကိုလည်း အိမ်နီးချင်းနိုင်ငံများကပင် အားကျအတုယူလျက်ရှိနေပေသည်။


ထိုသို့ အဖက်ဖက် ကဏ္ဍစုံမှ လွန်မတန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ရွှေမြန်မာနိုင်ငံကြီးကို မည်သူက “မတိုးတက်ပါ ဖွံ့ဖြိုးမှုအနှေးကွေးဆုံးပါ” ဟု သတ်မှတ်ချင်ပါသလဲ။

ကောင်းကင်ကလူ ( ၁၅.၁၂.၁၀ )

http://simpleviewsonmyland.blogspot.com မှကူးယူဖေါ်ပြသည်။

Wednesday, December 15, 2010

နွားညီနောင်

ခလောက် ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်

သန်းရွှေ မောင်အေး နွားလုပ်လို့ 

ကြပ်ပြေး နွားညီနောင်

နွားညီနောင် …နဖားထိုးလို့ 

စည်အောင်ကွဲ့  ဒို့ ကျောင်း

ဒေါင်းနှင့် ပြည်သူ တူယှဉ်နွဲ ကာ

ယူငင်ကာ ချူဆင်ဆွဲလို့ ရယ်

လှည်းယာဉ်နဲ့ မောင်း …

Saturday, December 11, 2010

my best friend

ပေါင်းလောင်းကိုသက်သေတည်ရွေ့
Posted by admin on December 3rd, 2010


အမေအိုဟာ
ဟောဟို ရွာထိပ်လက်ပန်ပင်အောက်က
ပြန်မလာနိုင်တော့တဲ့ သားတယောက်ကို
အကြိုထောက်ရှာပေရော့မယ်။

တောရွာမူလတန်းကျောင်းလေးရဲ့
ခေါင်းလောင်းသံချိုချို
နေမညိုခင်မှာ
သားမောင် ကျောင်းဆရာလေးရဲ့ အိမ်အပြန်လမ်းကို
အမေအလွမ်းများနဲ့ လှမ်းလို့ကြည့်နေမှာသေချာတယ်။
အမေ့သားချစ်
ဒေါင်းစစ်သည်လျှင်
ဒီမိုကရေစီတော်လှန်ရေးမှာ
အသက်ပေးခဲ့ပြီ။
အုပ်ဖိုမြို့ကျောင်းသားသမဂ္ဂခေါင်းဆောင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်
ပဲခူးတိုင်းအနောက်ခြမ်း သွေးစည်းညီညွတ်ရေး
လက်နက်ကိုင်တော်လှန်ရေးယုံကြည်ချက်
ရဲလက်တဲ့သွေးနဲ့
ရေးခဲ့မော်ကွန်း။
အရပ်ရှည်ရှည် အသားညိုညို
နှစ်လိုဘွယ်ကောင်းတဲ့မျက်နာချိုချို
ရိုးသားဖြောင့်မတ်တဲ့ ဟန်ပန်အမူအရာ
အနစ်အနာခံတတ်တဲ့စိတ်ထား
ရဲရင့်ပြတ်သားခြင်းများ
နိုင်ငံရေး ရေချိန်မြင့်မားမှုတွေနဲ့
လေးစားအတုယူဘွယ်ကောင်းတဲ့
သူရဲကောင်းတယောက်ရဲ့ ရုပ်ပုံလွှာ
ဗမာပြည် ဒီမိုကရေစီတော်လှန်ရေးမှာ
မော်ကွန်းသွေးသစ်ထွန်းခဲ့ပေါ့။
ပေါင်းလောင်းကိုသက်သေတည်လျှက်
ဒေါင်းငှက်တမန်
သစ္စာမှန်လျှင်
ခွပ်ဒေါင်းတောင်ပံခတ်သံ
တပြည်လုံးညံစေ။
ယုံကြည်တယ် ရဲဘော်
မွှေးကြိုင် မော်ကွန်း
ရဲမြထွန်းတောက်
မဖေါက်မပြန်
နွေဦးထဲမှာစံပျော်နေလိမ့်မယ်။ ။
(ရဲဘော်မွှေးကြိုင်သို့ ဦးညွတ်အလေးပြုပါသည်)
နီလွင်သွေး(ဒဿနိက)
၂၉ ။ နိုဝင်ဘာ ။၂၀၁၀
တနလာင်္နေ့

Monday, December 6, 2010

မတ်လတော်လှန်ရေး

ကျနော်ကြိုက်နှစ်သက်သော စာရေးဆရာ ကဗျာဆရာ ဒဂုန်တာရာ ၏ ကဗျာကို ကူးယူဖေါ်ပြထားခြင်း ဖြစ်သည်။



မတ်လတော်လှန်ရေး

မိုးကုပ်ကုပ်ဝယ်
အို-ရုတ်တရက် ၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ် ၊ပတမြားရည်
စီးလည်အဟုန် ၊နီ မြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး ။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ် ၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း ၊ မနီးမဝေး
ချောင်းရိုးဘေးမှ ၊ ဖြေးဖြေးညင်းညင်း
လှေတစင်းထက် ၊ တောတွင်းသားပျို
ဖျဉ်လက်တိုနှင့် ၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရှေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက် ၊ ကွယ်ပုန်းဝှက်လာ
ယူကာ လက်ထောက် ၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ် ။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက် ၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော ၊ သင်ပေါင်းတောဧ။် ၊
နောက်ကျောစေးပျစ် ၊ သောင်ရေစစ်မှ
ဖက်စစ်ကင်းစောင့် စစ်စခန်း ။

ချောင်းကိုကွေ့သော် ၊
တွေ့လျှင်တွေ့ချင်း ၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ ၊ နီး၍ လာလျှင်
အသာရုတ်ချင်း ၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန် ၊ သေနတ်သံသည်
မြစ်ယံပဲ့တင် ထပ်သတည်း ။

ငွေလရောင်လျှင်
အမှောင်ညရိပ် ၊ သေးသေးစိတ်သား
မိုးထိပ် တိမ်မော် ၊ငြိမ့်ငြိမ့်ပေါ်သည်
သော်တာပြုံးလဲ့ ၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့် ညဥ့်ခါ ၊ ထိန်ထိန်သာသော်
ကျယ်စွာ ၀န်းလျား ၊ လယ်ကွင်းနားမှ
တောဖျား ညို့အုပ် ၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း ၊ တွဲတွဲဆိုင်း၍
ဖြူဝိုင်းစက်စက် ၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင် ၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိပ်ကာ ။

ရွာတစ်ရွာကား ၊
မှိုင်းပြာမဲညို့ ၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့် ၊ ပရမ်းပတာ
ထွက်ပြေးရရှာ ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေေ၀ ၊ မီးလောင်မြေမှာ
နွမ်းခွေပျောင်းယဲ့ ၊ ညင်းလေဖွဲ့က
သဲ့သဲ့ ခွေးဟောင်သံ တကား ။

ခရေပွင့်လျှင် ၊
ကြွေရင့်ဝါ၀ါ ၊မြေထက်မှာလျှင်
ရောကာပေါင်းယှက် ဟောင်းသစ်ရွက်နှင့်
တ၀က်မောင်းနီ ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး ၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်၇ွက်ကြွေ။

ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ် ၊ ဘ၀သစ်သို့
သနစ်ပြောင်းမည် ၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့် ။

ဒဂုန်တာရာ
၁၉၄၇ခုနှစ်ကရေးဖွဲ့ ခဲ့တာပါ။

လျှောက်နေတဲ့လမ်း

မွှေးဖွားရာ အပူပိုင်းဒေသ
မြန်မာပြည်အလယ်ပိုင်းက
ဖုန်းတထောင်းထောင်းထ
လျှောက်ခဲ့တဲ မြေနီလမ်းကြမ်း
ခမောက်မပါ ထီးမပါလဲ
ဒို့ ရွာ ဒို့ ဓလေ့ ဒို့ ပျော်မွှေ့ ပေါ့ 
ဒီနေ့ ဒီအချိန်
ရွှာလယ်လမ်းကလေး
မြေနီ ကြမ်းကလေးမှာ
ပျော်မြူးဆော့ကစား
လျှောက်လှမ်းခဲ့တဲ့ဒီလမ်း
အတိတ်က လမ်းကြမ်လေးကို
တမ်းတမ်းတတ မှတ်မိသော်လည်း
အဝေးတနေရာ ရောက်ရှိ
ငါတယောက်မှာ
ကမ္ဘာ အအေးဆုံးဒေသ
မြောက်ဝန်ရိုးစွန်း က
ရေခဲဖုန်းလွမ်း လမ်းမပေါ်မှာ
ခမောက်မပါ ထီးမပါပဲ
ဆက်လျှက် လျှောက်နေတယ်။

၆.၁၂.၂၀၁၀

Sunday, December 5, 2010

ငယ်သူငယ်ချင်းတစ်ယောက်

ငယ်သူငယ်ချင်းတစ်ယောက်
၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကာလ နဲ့ စစ်တပ်အာဏာသိမ်းပြီး ကာလတွေမှာ အတူတူ လုပ်ဖေါ်ကိုင်ဖက် သူတစ်ယောက်။ ကျနော် တောခိုလာတော့ သူကိုသွားရောက်နုတ်ဆက်ခဲ့တယ်.
တောထဲရောက်ပြီး သူနဲ့ အဆက်အသွယ် လုံးဝမရှိတောဘဲ့ဖြစ်ခဲ့တယ်၊
ကျနော်နယ်ဖက်က မိတ်ဆွေတွေကို တွေရင် အမြဲ သူအကြောင်းမေးမိတယ်……
၂၀၁၀ နိုဝဘာင်္ လ လောက်မှာ မထင်မှတ်လဲ သူဓါတ်ပုံလေး ပြန်တွေ့ လိုက်ရတော့…

မတွေ့ ဖြစ်တာ သတင်းမကြားရတာ နှစ်ပေါင်း နှစ်ဆယ်ကျော်ရှိပြီ။ ပြီးခဲ့သော့ အပတ်က ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်မှာ မထင်မှတ်ပဲ ကောက်ချိတ် ဆိုတဲ့ အမည်တခုနဲ မိတ်ဆွေဖြစ်ပြီး သူမရဲ့ ဓါတ်ပုံကို သွားပြီးတွေ့ လိုက်ရတော့ အရမ်းဝမ်းသာသွားမိတယ်။ ဟုတ်မဟုတ်ရဲ့ လားလို့ အဲဒီ ကောင်မလေးဆီ စာရေးပြီး မေးတော့ တကယ်ပဲ ဟုတ်နေတာ တွေ့ ရတယ်။ အဲဒီ ကောက်ချိတ်ဆိုတာ ဘယ်သူလဲလို့ သေချာကြည်လိုက်တော့ ကျနော်နှင့် အလွန် ရင်းနှီးသော မိတ်ဆွေ ၏ သမီးဖြစ်နေတာတွေလိုက်ရတယ်။ အော်ငါတို့ ဒီမှာ ကံပြန်ဆုံပြန်ပြီဆိုပြီး ဝမ်းမြောက် ဝမ်း သာဖြစ်လိုက်ရတယ်။ကောက်ချိတ်က သူမရဲ့ ညီမလေးဖြစ်နေတာထပ်ပြီးသိလိုက်ရတယ်။
သူဆီကို တခါတည်း အီးမေးလ်ပို့ လိုက်ပြီးဆက်သွယ်လိုက်တယ်။ သူအလုပ်တွေများနေလို့ ကိုယ်ပိုင် ဖေ့စ်ဘုတ်မ လုပ်နိုင်ဘူးလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အဆက်အသွယ်ပြန်ရတာကိုပဲဝမ်းသာမူတွေဖြစ်နေတယ်။ သူမှာလည်း ကလေး နှစ်ယောက်တောင်ရနေပြဆိုတာသိလိုက်ရတယ်။ အော်..ငါလည်းသူလိုပဲ ကလေးနှစ်ယောက်ရှိနေပြီပဲ။
ဒိုတွေ မြန်မာပြည်မှာ အတူတူ လုပ်ကိုင်ခဲ့တာတွေ ပြန်ပြီး မြင်ယောင်ပြီး လွမ်းမိတယ်။ ဘယ်တော ပြန်ဆုံဖြစ် မယ်ဆိုတာ မသိရသော်လည်း အခုလို အဆက်အသွယ်ရတာကိုပဲ အရမ်းဝမ်းသာမိတယ်။
ကံမကုန်ရင်တော့ ပြန်ဆုံကြမယ် သူငယ်ချင်း၊ မင်းရဲ့ မိသားစုအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပါစေလို့  အဝေး တနေရာကပဲ ဆုတောင်းပေးလိုက်တယ်ကွာ။မင်းရဲ့ သားလေးပုံကိုလည်း ကိုယ်ဒေါင်းလုပ်ပြီး သိမ်းထား လိုက်တယ်သူငယ်ချင်း။
အမှတ်တရ အဖြစ်အပျက်လေးများ

Tuesday, November 30, 2010

ဒေါ်အောင်ဆန်းစုဋ္ဌကည်

ဒေါ်အောင်ဆန်းစုဋ္ဌကည်အတွက် ကျနော် ဖန်တီးထားသော ဖြတ်ညှက်ကပ် ဗီဒီယို သီချင်းလေးကို ကျနော်ပို့စ် တွင် ထည့်လိုက်ခြင်း
ဖြစ်သည်. အားလုံး နားထောင်ပြီး တိုင်းပြည်အတွက် တခုခု လုပ်ဆောင်ပေးဋ္ဌကပါ။။
သင်ကို တိုင်းပြည်က အလိုရှိနေပါသည်.
သင် တိုင်းပြည်အတွက် ဘာတွေလုပ်ထားပြီလဲ....
ရှေ့ ကို ဘာတွေထုပ်ဖို့ ပြင်ဆင်ထားသလဲ..
ကျနော်တို့ ၏ မိခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုဋ္ဌကည် အတွက်သင်ဘာတွေကူညီမလဲ....
အပြောသမားမလုပ်ပါနဲ့ ... လက်တွေသမားဖြစ်အောင်လုပ်ပါ..
သင်တိုင်းပြည်မှာရှိနေသော .. ပြည်ပရောက်နေသော ..တိုင်းရင်းသားလုံးတွေအတွက် ... ဘာတွေလုပ်ပေးနေလဲ...


Wednesday, November 17, 2010

စုပေါင်းဘုံကထိန်





ဒီနေ့ တော့ ကျနော်တို့ ဖင်လန်နိုင်ငံ မှာ ပထမဆုံး ပြုလုပ်တဲ့ ဘုံကထိန်ပွဲ ကို သွားရောက်ခဲ့တယ်။
ဖင်လန်နိုင်ငံ ဗုဒ္ဒဘာသာ မြန်မာဘုန်းတော်ကြီးကျောင်းကို ဘန်တာမြို့ တွင်ထားရှိသည်၊ ကျနော်တို့ ယူဗာစကူး လားမြို့ မှ ကား ၃ နာရီ လောက် မောင်းသွားရတယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံး စုပေါင်းဘုံကထိန်ဖြစ်ဆဲ့ အတွက် အားလုံး ဝမ်းသာစွာဖြင့် သွားရောက်ခဲ့သည်။ ကထိန်ပွဲကို ၁၄ ရက် ၁၁ လ ၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည်။
ဒီပွဲ မှာ ဘာတွေကို တွေ့ ရသလဲဆိုတော့ ကျနော်တို့ ပြည်ပနိုင်ငံတွေမှာ ရောက်နေ့ကြတဲ့ မြန်မာ ပြည်သား တွေ စည်းစည်လုံးလုံး ဝိုင်းဝန်းလုပ်ဆောင်မူတွေကိုတွေ့ ရတယ်၊ ဗုဒ္မဘာသာ မဟုတ်လဲ ဝင်ရောက် ကူညီလုပ်ဆောင် ပေးသွားတာတွေကို တွေ့ မြင်ရတော့ အရမ်းဝမ်းသာမိတယ်။
တစ်ခို သူများဗုဒ္မဘာသာဖြစ်ပြီး မလာတာလဲတွေရတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဖင်လန်နိုင်ငံ မြန်မာ ဘုန်း တော်ကြီးကျောင်း စုပေါင်း ဘုံကထိန် ကတော့ အောင်မြင်စွာကျင်းပခဲ့သည်။
ကျနော်တို့ ဘုံကထိန်ကျင်းပချိန်မှာ ဝမ်းသာစရာ သတင်း ကတော့ ကျနော်တို့ ရဲ့  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြန်လည် လွတ်မြောက် လာခြင်းပဲဖြစ်တယ်၊ တရားဟော ဆရာတော်တွေကအစ ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်လာမူအတွက် ဝမ်းသာစွာ ရှိနေကြတယ်။
ဒီလိုဖြစ်လာခြင်းဟာ ကျနော်တို့ အတွက် အင်မတန်ကောင်းတဲ့ အချိန်မင်္ဂလာဘုံကထိန်ဖြစ်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်လွတ်မြောက်လာခြင်းက ကျနော်တို့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မျော်လင့်ချက်ရောင်ခြည် အနည်းငယ် လင်းလက်လာတာဖြစ်တယ်။ ရှေ့ ကိုကျနော်တို့ အများကြီး လျှောက်လှမ်းရအုံးမယ်။ အခုမှ ပထမ ဆုံး ခြေလှမ်းပဲဖြစ်သေးတယ်။

Monday, November 8, 2010

ငြိမ်းချမ်းရေး

မငြိမ်းချမ်းသေးတဲ့ မြန်မာပြည် အတွက် ငြိမ်းချမ်းရေး တေးများ သီဆိုပေးနေသော ကျနော်ရဲ့ အနှစ်သက်ဆုံး တေးရေး ဆရာ ကိုနေဝင်း ရဲ့ ငြိမ်းချမ်းရေး တိုက်ပွဲ့ သီချင်းလေးကို ထည့်လိုက်ခြင်းဖြစ်ပါတယ်။။

မ်ြနမာပြည်သားအားလုံး ငြိမ်းချမ်းသာယာပါစေတည်း။။။

Friday, November 5, 2010

ရဲဘော်ဟောင်းများ




ကျနော်တို့ ဘုရားသုံးဆူ ဒေသတွင်တာဝန်ထမ်းဆောင်ခဲ့သော မကဒတ တပ်ရင်း ၁၀၁ ခွဲ (၂ ) မှ (၆၂) အုပ်စုဝင်
များ အမှတ်တစ်ရ ရိုက်ထားသော ပုံဖြစ်သည်။ ထိုအုပ်စုတွင် ကျနော် မိတ်ဆွေရင်း မွေးဋ္ဌကိုင်တစ်ယောက် ပါဝင်သည်၊ ထိုဓါတ်ပုံ ကို ကျနော် ကိုမိုးသီး ဖေ့ဘုတ်မှ ရရှိခဲ့သည်၊ ကျနော် လိုက်ရှာနေသော ဓါတ်ပုံ ဖြစ်သော ဋ္ဌေကာင့် အရမ်းဝမ်းသာသွားတယ်။
ရဲဘော် မွေးဋ္ဌကိုင် အဋ္ဌေကာင်း ဆောင်းပါးလေးတစ်ပုဒ်လောက် ရေးဖို့ ပြင်ဆင်ရအုံးမည်၊
ဓါတ်ပုံထဲ့တွင်ပါဝင်သော မိတ်ဆွေများ မှ ရဲဘော် ဝင်းဇော် ကျဆုံး ရဲဘော်မွေးဋ္ဌကိုင် ( ထွန်းခင်) ကျဆုံး၊ ရဲဘော် ကိုဌေးအောင် (အဖမ်းခံရ) ကျန်သော သူများမှာ တစ်ခြားနိုင်ငံများတွင် အခြေချ နေထိုင်လျှက်ရှိနေသည်။

လေးစားရသောခေါင်းဆောင်များ




သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ဗသိန်းတင်

မြန်မာသမိုင်းမှန်ကို ပြန်ဋ္ဌကည့်မိသောအခါ၊ လွတ်လပ်ရေးတိုက်ပွဲတစ်လျှောက် တွင် အသက်ကို ပဓါန မထားပဲ
စွမ်းစွမ်းတမာန် တိုက်ပွဲဝင်ခဲ့သော လူအများအနက် ကျနော်လေးစားသော ခေါင်းဆောင်သုံးဦးကို ကျနော်ပိုစ်တွင် ထည့်ထားခြင်းဖြစ်တယ်၊ ဘယ်သူတွေ ဘာပြောပြော ထိုခေါင်းဆောင်သုံးဦးမှာ အမိမြန်မာပြည် အတွက် အမှန်တစ် ကယ် စွန့် လွတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့သူများဖြစ်သည်ကို ဖုံးကွယ်၍ မရပါ၊
အနာဂါတ် မြန်မာပြည် ဒီမိုကရေစီ နိုင်ငံထူထောင်ပြီးသော ထိုခေါင်းဆောင် သုံးဦးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုရ မည်။ ကျနော် အမြင်ကတော့ ဝါဒ ရေးရာကို မပြောပဲ။ သူတို့ လုပ်ဆောင်ခဲံ့သော သမိုင်မှန်ကို တင်ပြလိုက်ခြင်း ဖြစ်သည်။
ခေင်းဆောင်ဋ္ဌကီးများကို အလေးပြုလိုက်ပါတယ်။

Thursday, November 4, 2010

ရတနာနတ်မယ်






ကျနော်ဒီနေ့  စိတ်ပေါက်ပေါက်နဲ့ အင်တာနက်မှာ စာတွေရှောက်ဖတ်ရင်း စိတ်ဝင်းစားစရာ အဋ္ဌေကာင်းလေး တစ်
ခုသွားတွေတယ်၊ အဲဒါကတာ့ တစ်ချိန်တုန်းက မြန်မာပြည်မှာ ခေတ်စာခဲ့ဘူးတဲ နာမည်တစ်ခု၊ အာဏာရှင်ဋ္ဌကီး ဦးနေဝင်း လက်ထပ်ခဲ့တဲ့ ရတနာနတ်မယ် ဆိုတဲ့ မိန်းမတစ်ယောက် အဋ္ဌေကာင်းရေးထားတဲ့ စာကိုတွေ့ ရလို ကျနော်ပိုစ့်မှာထည့်လိုက်ခြင်းဖြစ်တယ်။ စိတ်ဝင်စားရင် ဖတ်ဋ္ဌကည့်လိုက်ပါ။











http://www.griffithreview.com/current-edition/240-reportage/821.html

Between two worlds

From Griffith REVIEW Edition 27: Food Chain
© Copyright Griffith University & the author.




IN ITALY, JUNE Rose and Mario divorced, and she was raising their two boys, Michael and Maurice, when she learned that Ma Lat was gravely ill after a stroke. By then, Burma had become isolated after the army chief, General Ne Win, seized power in 1962 and stepped up the ongoing wars against the many domestic insurgents.

‘I couldn't get a visa, so I sent Ne Win a telegram – I'd known him for years; I was a very good friend of his wife, Katie; we'd always sort of kept in touch,' she said. ‘So I cabled him: "Mummy critical. Rome embassy incapable of giving me a visa. Please help." The embassy called and said I didn't even have to go to them: they'd meet me at the airport. But in the meantime I got a cable saying mother had died. So I didn't go back. I wrote and thanked him. I would have done anything to see my mother, but to go and collect her ashes...

‘A year later he came to Europe. And we met. I thanked him for
what he'd done. I discovered that Katie had died. And that was how our connection started. He asked what I was doing here. I mentioned my children, my divorce. He said I should go back to Burma. To do what? This thing went backwards and forwards, and on another trip he proposed. I hadn't been back to Burma; all this happened here.' She went to Rangoon in 1978, and they were married. ‘It was not one of those lavish things.'


In her mind, June Rose says, was the idea of doing some good for the country. But she admits failure, though she won't talk about any of the conversations or issues she had with Ne Win. She suggests that he was barely in control of his regime by that point.

‘Had I been able to do anything, had it served a purpose, had something been able to be done – but I realise I saw too many things,' she says. ‘He was being taken for a ride by his people. We're not talking about manipulation, but being put in a position where you don't know everything. You think you know everything, but a dictatorship in a country like Burma, as long as it is, with all the different tribes – each command is a watertight compartment.'

Ne Win never felt he was out of the loop. ‘Oh, they weren't that stupid. Neither was the media, which needed a scapegoat. He was always the éminence gris. He was always the one who was manipulating everybody. It was too convenient,' she said.

The marriage ended after just five months. June Rose won't go into the cause of the final rupture. Gutman says the rumour is that Ne Win was entertaining one of his wartime Japanese mentors, who was by then working for a trading company, when June Rose mentioned the worsening state of Burma's economy. June Rose laughs at another popular rumour, that Ne Win suspected she was a western spy.

She does confirm that it ended when Ne Win threw an ashtray at her. ‘It was one of those things that happened. Rage. Anger. I know why, but on the other hand I don't. It's something that is too questionable. The fact remains that yes, there was a physical attack, but even that is not simple,' she says. ‘Okay, so he did fling the bloody ashtray. I can't deny it, because there were servants and obviously it is the servants who are talking today...There was an ashtray, but it didn't hit me between the eyes and I'm still alive. But it's not the ashtray. It is the last drop in the glass, the last straw.'

June Rose left the next day, seen off by Ne Win's daughter, Sanda (now jailed for corruption by Ne Win's successors), and a guard of honour as she flew out in what was then Burma's only passenger plane certified for international routes. Word of the marriage breakdown had not spread. Ne Win had gone up country. She felt lucky to get out.

'I LEFT BURMA with a definite feeling of failure,' June Rose says now. ‘Because I had failed my people. Because they did put their trust in me when I arrived. And this was one of the things that was not liked. But I would rather I left as a failure than to be connected with the ruling people. Those who had trusted in me, those who believed in me can say she left, but she left rather than not be able to do anything. In Italian, they say un peccato di orgoglio; in English, a sin of pride. Because I thought I could do something which others had not done. And that's a very bad sin.'

June Rose has written an engaging essay about her family and upbringing, but says she won't write about her time with the dictator. ‘To say something, to write a book, one would have to have a very good knowledge of Burmese history, culture, and a super-excellent knowledge of the construction of a military dictatorship,' she said. ‘You can't put all that in a book. You'd bore people to death.'

Gutman says that there was talk among diplomats of the time that June Rose had indeed written, or was about to write, a book titled ‘One Hundred Days with Ne Win' but was persuaded not to publish by a sizable settlement with Rangoon. In Florence there is comfort, but no sign of wealth.


သင်သေသွားသော်

ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။

ဇော်ဂျီ


ဆရာ ဇော်ဂျီ ရဲ ကဗျာလေးကို အရမ်းဋ္ဌကိုက် နှစ်သက်လို့ ကျနော် ပိုစ့်မှာ ထည့်လိုက်ခြင်းဖြစ်တယ်။


Wednesday, November 3, 2010

Get Up Stand Up

မြန်မာပြည် မှာ ရ ရက် နိုဝင်္ဘာ ၂၀၁၀ မှာ ရွှေးကောက်ပွဲလုပ်မယ်၊ ကျနော်တို့ ဒီမိုကရေစီ အတိုက်အခံ အဖွဲ့  ဝင်တွေ့ အနေနဲ့ ရွှေးကောက်ပွဲ ဆန်ကျင် တဲ့ကန်ပိန်းတွေ လုပ်ဆောင်နေကြတယ်။

အဝေးရောက် မြန်မာ ပြည်သား အများစုကတော့ ကိုယ်တပ်နိုင်တဲ့ဖက်က လုပ်ဆောင်နေကြရသော်လည်း မြန်မာပြည် ဒီမိုကရေစီ ရေးအတွက် အမြဲအဆင်သင့် ရှိနေတယ်ဆိုတာပြောလိုက်ပါရစေ။

ကျနော်လည်း မြန်မာပြည်သားများအတွက် ဒီမိုကရေစီရေး လူံဆော်မူတခုအနေနဲ့  ဘိုမာလေး ရဲ့ သီချင်းလေးကို လွင်တင်ပေးလိုက်ပါတယ်၊ ချစ်သောမြန်မာပြည်သားအားလုံး စစ်အာဏာရှင် အောက်မှ အမြန်ဆုံးလွတ်မြောက် နိုင်ပါစေ၊ တရားသောတိုက်ပွဲ အောင်ရမည်၊ ခွတ်ဒေါင်းအောင်လံ အောက်မှာ မြန်မာပြည်သား အားလုံး တစ်စုတစ် ဝေးထဲ စုစည်းတိုက်ပွဲဝင် ရမည်။

စစ်အာဏာရှင်စနစ် မုချ ကှဆုံးရမည်။

ဒီမိုကရေအရေးတော်ပုံ အောင်ရမည်။


Tuesday, November 2, 2010

လွင့် မျောမူးယစ်ရီဝေ

သူငယ်ချင်း ကိုအောင်ခိုင်ရဲ့ ကဗျာ ကို ဖတ်ပြီး ကွန့် မန့် ထည်းပေးလိုက်တဲ့ စာသားပါ....

လွင့် .. …သွားပြီး ဘယ်ဆီမှန်းမသိ(ငါစိတ်အာရုံ)
မျော….မျော.. လေးပဲကျန်တော့လောက်အောင်
မူး… ထဲလိုက်တာ
ယစ်… အိုးဋ္ဌကီးတစ်ယောက်လို့ …..
ရီ…. .. ရီလေးပဲကျန်တော့တယ်… …. ဒါတောင်….
ဝေ… လည့်ချောင်ပတ်လုပ်ပြီး …. ဆက်သောက်…
နေချင်တယ်ပေါ.....

သူငယ်ချင်းတွေ အားလုံးနဲ့ တစ်ခါလောက်ပြန်ဆုံပြီး ဝိုင်းဖွဲခြင်တယ်....
အားလုံးက တစ်ယောက်တစ်နေရာဆီ....
ကမ္ဘာ တောင်နဲ့ မြောက်မှာ နေဋ္ဌကတာ.....မဖြစ်နိုင်မှန်းသိလဲ..ဆုတောင်းဋ္ဌကည်တာ....

Friday, October 29, 2010

သူငယ်ချင်း ဂုရုအတွက်

သူငယ်ချင်း ဂုရု ရေးထားသော ကျနော်နှင့် သူ တောခိုလာခဲ့သော အဖြစ်အပျက်များကို ဆောင်းပါးသဘောမိုး
ရေးထားတာကို ပြန်လည်ကူးယူပြီး ကျနော်ပို့ စ်တွင်ထည့်ထားခြင်းဖြစ်သည်။
သူငယ်ချင်း ကောင်းရာ ရောက်ပါစေ၊ သူရဲကောင်း တစ်ယောက် ကမ္ဘာလောကထဲ့က
စောစောစီးစီးထွက်သွားပြီး၊

သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကိုဖြတ်လို့ ဖားအောက်ကို နောက်တခေါက်ထပ်ရောက်သွားပါတော့တယ်။ အရင် တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့် သွားကြပုံ ရတယ်။ သူတို့ကတော့ ရောက်လောက်ပြီထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ထပ်ဝေဖန် ကြရော၊ ဒါမှတ်ပုံတင်ပျောက်လို့ဖြစ်တ ဆိုပြီား။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်း ထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဘန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆအဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဘန်နေရင်တော့ မဟုတ် တော့ဘူးးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဘန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။

အဲဒါနဲ့ သွားရမယ့်လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေမကောင်းဘူး။ ဒါကြောင့် ကျနော်တို့ တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့ သွားဖို့ အကြံပေး တယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာ ဆိုတာ ရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တယောက်ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့လူတွေနဲရင်းနှီးတာကြောင့် အဲဒီလူ ဆီကို စာရေးပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်းမပြောနဲ့ လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။

ကဲလမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံးဝိုင်းစဉ်းစားကြတယ်။ ရှိတဲ့ ပိုက်ဆံက လမိုင်းလောက်ဘဲ ရမယ်။ ဘုရားသုံးဆူသွားဘို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက် လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျှက်ရှိ) ပါ။ သူလည်းရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ ဆိုတော့ …သူလည်း ဆက်နေဘို့ မလွယ်တဲ့ အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော် အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက် တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ်အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။

ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်-ရေး ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့် ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့်အိမ်ကရော အဆင်ပြေပါ့ မလား။

လမိုင်းဘူတာရောက်တော့ ညနေ၃ နာရီလောက်ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့် အိမ်လိုက်ပို့ တယ်။ ကို….. ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ထွက်လာပြီး ကျနော်ပါဘဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကိုထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ် ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီးထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။

ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက်ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာဘဲတည်းပါ။ နှစ်ယောက်တည်း လည်း အားနာစရာ မလိုဘူး။ အကိုကြီးအသိတွေဘဲလို့ ပြောတာနဲ့ နှစ်ယောက်သားတည်းဖြစ်သွားတယ်။

ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက် အခဲနဲ့ကိုယ်မဟုတ်လား။ ကျိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကို က ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏ အိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကို ရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြီး အကူအညီတောင်းမယ် လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာထိုင်လို့။ တောခိုဘို့လာတဲ့ အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူကမေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့ အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။

ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာမဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲထဲ ပါလား လို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင်မဖြစ်ရဲပါဘူး ဆိုတော့ သူက ဒါဆိုအိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲ ပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်းတွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင် သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံး အဆင်ပြေသွားတဲ့အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက်အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကို ပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေ လို့ပြန်ပြောတယ်။

သုံးရက်အတွင်း ကျနော်နဲ့ကိုလင်းနှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့ နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာ တယ်။ ကုန်သည်အဖွဲ့ တဖွဲ့ ဘုရားသုံးဆူဘက်တက်ဖို့ ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင် အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီ ထွက်မယ် ပြင်ထားပါ လို့ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဘို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ဆားစသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။

မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်တာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွမှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဘို့ကိုပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း ၊ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက် ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။

မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက်လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုတ်ထုတ်ပေး တယ်။ ပြီးတော့ ကုန်သည်အုပ်စုစောင့်နေတဲ့ ရွာအပြင်ကလမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ရောက် လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဘို့အကြောင်း ပြောပြီး ပြန်သွားတယ်။

အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့ ၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင်လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့မသိစိတ်ထဲမှာတောင် စစ်တပ်ကိုအလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော်တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည်အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှ ရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု…

မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ်ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များ ပြား ပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေမမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတိုကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာချက်စားမယ် ဆိုတဲ့ ရွာရောက်တဲ့အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။

နောက်မှ သိရတာက ကျနော်တို့နဲ့အတူ ပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်းမဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွား တယ်။ မင်းတော့ဖြည်းဖြည်းဘဲ ဒီကုန်သည်အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွား တယ်။

ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခုစီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာအိပ်မယ် လို့ပြောတော့ လူကထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့ကအဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါ လို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့်ပိုးအိတ်ထဲမှာက ဆန်နဲ့ ငါးခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့အားလုံးက ကိုလင်းနဲပါသွားပြီ။ ကဲ-အခုမှတော့ ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီးနေလိုက်တယ်။

ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်းအငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်းလုပ်ပေးခဲ့ရတယ်။

လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ်မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ်မိသားစုတစုလည်း ပါတယ်။ သားအမိသားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။

သွားနေရင်းတရက်မှာ အုန်းထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက်ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြိး အုန်းထမင်းချက် တာ၊ အဲဒီရွာမှာဘဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှ မပြောဘဲ ဆက်လာခဲ့တယ်။

သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီးသွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။

`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာ တောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလားဆိုတာကို ကျနော်မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီးထွက်ခဲ့တယ်။

မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်ကအရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေကကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေးကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲလူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလို ပါဘဲ။

လှေ နှစ်နာရီခွဲ၊ သုံးနာရီသာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေအ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီ က ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေး တော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ (နောက်ပိုင်းအဒေါ်ကြီးနဲ့ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ် ပါ သေး တယ်။ဘုရားသုံးဆူ မကျခင်အထိ)

ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက်စီးလာတော့ နမ့်ကိတ်ဆိုတဲ့နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက်ပြန်ကူးပြီး ၁၅ မိနစ်လောက်ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့
`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။

ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ်လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်ကထွက်လာတဲ့ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

ပြီး