home

Wednesday, January 5, 2011

Never Forget

ကျနော် နှစ်သက်တဲ့ သီချင်းလေးတွေကို
၈၈၈၈ အဖြစ်အပျက်လေးတွေနဲ့ တွဲပြီး
ဖြတ်ညှတ်ကပ် လုပ်လိုက်တယ်..

Saturday, January 1, 2011

နှစ်သစ်ကူး

နှစ်ဟောင်းကုန်ပြီ နှစ်သစ်ကူးသွားပြန်ပြီ၊ ကျနော်တို့ အတွက် ဘာတွေများပြောင်းလည်းသွားသလဲ၊

ကျနော်အမြင်တော့ ဘာမှပြောင်းလည်းသွားတာ မတွေရဘူး၊ ၂၀၁၀ မှ ဝမ်းသာစရာဆိုလို့ မြန်မာပြည်

အတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတာတခုပဲ ရှိတယ်။

ကျနော်တို့ မြန်မာပြည် သူတွေအတွက် မျှော်လင့်စရာဆိုလို့ ဒေါ်အောင်ဆန်းစုကြည် တယောက်

ပဲရှိတယ်။ ကျန်တာတွေကို မစဉ်းစားနဲ့ ၊ သက်တန်းကုန်ပြီ သေသာသွားမယ်၊

ကျနော် အတွက်ကတော့ ၂၀၁၀ မှာ ဘာတွေ ဖြစ်ခဲ့သလည်း၊ ဝမ်းသာစရာကတော့ ငယ်သူငယ်ချင်း

နဲ့ ပြန်လည် အဆက်အသွယ်ရတယ်၊ နှစ်ပေါင်း ၂၀ ကျော်ကြာပြီမှာ ပြန်လည်အဆက်အသွယ်ရခဲ့တာ။

သူမရဲ့ ဓါတ်ပုံကိုဖေ့ဘုတ်မှာထည့်ပြီးပြတယ်။ ကံမကုန်သေးတော့ပြန်ဆုံ သိပ်ပျော်စရာ အကြောင်းအရာ

တခုကျနော်အတွက်ဖြစ်ခဲ့တယ်။ မြန်မာပြည် က မိသားစု နဲ့ တော့ အဆက်အသွယ် မရဘူး၊ ဒါကလည်း

ကျနော် မဆက်သွယ်ခြင်တာလည်းပါတယ်၊ နောက်ဘာတွေ ဝမ်းသာစရာတွေရှိသေးလည်းဆိုတော့

ကွဲကွာနေကြတာ ကြာပြီဖြစ်တဲ့ တော်လှန်ရေးသမား ရဲဘော် သူငယ်ချင်းများကို ပြန်လည် အဆက်အသွယ်

ရတယ်၊ သိပ်ပြီး ကြည်နူးဝမ်းသာစရာဖြစ်ရတယ်။တခို သူငယ်ချင်းတွေဆို ၁၀ နှစ်ကျော် ၁၅ နှစ်နီးပါး ကင်း

ကွာနေ ခဲ့တာ၊ ပြန်လည် အဆက်အသွယ်ရတော တောထဲမှာ နေခဲ့ရတာတွေ၊ တော်လှန်ရေး စိတ်ဓါတ်အပြည့်

နဲ့ တိုက်ပွဲတွေ ဆင်နွဲခဲ့တာတွေ ပြန်ပြီး မြင်ယောင်မိတယ်။ စိတ်ဓါတ်လည်း အရမ်းတက်ကြွနေမိတယ်။

အခု ၂၀၁၁ ခုနှစ်ထဲမှာ ဘာတွေ ဖြစ်အုံးမလည်းတော့ မသိဘူး၊ မြန်မာပြည် အမြန်ဆုံး ဒီမိုကရေ စီ ရပြီ၊

ငြိမ်းချမ်းတဲ့ နိုင်ငံ အမြန်ဖြစ်စေခြင်တဲ့ ဆန္ဒ ရင်မှာအပြည့်ရှိနေတယ်၊ ကျနော်တို့ လုပ်နိုင်တဲ့ အခန်းကပဲ ဆက်

လက်လုပ်ဆောင်သွားရမယ်၊ သူငယ်ချင်းဟောင်းတွေနဲ့ တခါလောက်လောက်တော့ အွန်လိုင်း ကစကားပြော

တိုင်ပင်နိုင်အောင် လုပ်အုံးမယ်။ ကျနော့် သူငယ်ချင်းမိတ်ဆွေတွေ အားလုံး က နိုင်ငံရပ်ခြားရောက်နေလည်း

တိုင်ပြည်အတွက် ဆို အဆင်သင့် သမားတွေဖြစ်တယ်၊ခက်နေတာက တော်လှန်ရေး သမားဆိုပြီ ခေါင်းဆောင်

လုပ်နေသူတွေက အရမ်းဆိုးရွားနေခြင်းဖြစ်တယ်။ အဲဒါတွေ ထားလိုက်တော့။ အားလုံးသိနေတဲ့ ကိစ္စတွေဖြစ်တယ်။ လုပ်စရာရှိတာ ကိုယ်ဘာသာပဲဆက်လုပ်နေမယ်။ မကောင်းလည်းကိုယ်…ကောင်းလည်း

ကိုယ် …. သီချင်းထပ်ပြီဆိုက်လိုက်မယ်……….