home

Thursday, October 21, 2010

နံနက်ခင်းလေး

အင်တာနက် စာမျက်နာတစ်ခုက တွေ့ ရှိတဲ့ ကဗျာ လေး အရမ်းကြိုက်သွားတယ်

ဒါကြောင့် ကူးရေးလိုက်တာ၊ ကျနော် တို့ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို

အမှန်အတိုင်းရေးထားတာ၊ ဥပဒေ ဆိုတာ စစ်အာဏာရှင်တွေ ရဲ့ အောက်ရောက်နေတော

ရှင်းရှင်းလင်းလင်းတွေ့ နိုင်တယ်

ကဗျာဆရာကို သိပ်သဘောကြသွားတယ်

ကိုလင်း



နံနက်ခင်းလေး
အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်လာတဲ့ ချက်ကြီးတစ်ယောက် ရွှေတိဂုံဘက်ကို
ထွက်လာတုန်း မီးပွိုင့်ဖြတ်မလို့ စောင့်နေချိန်မှာ မီးနီဖြတ်ပြီး
အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီး တစ်ဖက်ယာဉ်ကျောမှာ ကွေ့မလို့လုပ်နေတဲ့
ကကတစ်စီးကို ဖြတ်တိုက်ပြီးအရှိန်နဲ့မောင်းပြေးတာကို တွေ့လိုက်မိတယ်။
ထိုသူလည်း ကံဆိုးချင်တာလား ကံကောင်းချင်တာလား မသိ၊ မောင်းပြေးကာမှ
ရှေ့ဘီးနှစ်ဘီးစလုံး ပေါက်ပြီး ဓါတ်တိုင် နှစ်တိုင်လောက် အကွာမှာ
ထိုးရပ်သွားပါတယ်။

စိတ်ထဲမှာတော့
ထိုသူတော့မသိ ကကသမားတော့ နာပြီ၊ ယာဉ်တိုက်မှုအတွက် တစ်သိန်းနဲ့
ရှင်းရလင်းရနဲ့တော့ အလုပ်ပျက်ပြီပေါ့ တွေးမိတယ်။ မီးပွိုင့်က
ကိုယ်ယာဉ်ထိမ်း ကြီးများနဲ့ ဝေါ်ကီတော်ကီတွေ ခါးကြားညှပ်ထားတဲ့
ဆရာသမားနှစ်ယောက်လည်း ဆိုင်ကယ်နဲ့ အပြေးအလွှား ထွက်ပြေးတဲ့ ကားသမားကို
သွားဖမ်းတယ်ဗျ။ ထိုသူ ကံဆိုးချင်ရှာတော့ သူ့ကားကို စစ်ဆေးလိုက်တော့
တရားမ၀င် လောင်စာဆီတွေက ပီပါလိုက်၊ အဆိုပါငနဲက စောစောဆီးဆီး
အရက်ကမူးနေတော့ ကက သမားတော့ ကံကောင်းပီပေါ့လို့ စဉ်းစားမိတယ်။
ထောက်လှမ်းရေး ဆရာသမားများကလည်း အဲ့ဒိလူထွက်ပြေးရင်
ကျွန်တော်တို့လိုက်ဖမ်းပေးမလို့ စသည်ဖြင့် အသံကောင်းဟစ်တယ်။
ကိုယာဉ်ထိမ်းများ ကလည်း ဟေ့ကောင် လျော်ကြေးအဆင်ပြေအောင် လုပ်ပေးလိုက်စမ်း
ကျန်တာ ဥပဒေအရ ရှင်းတာပေါ့တဲ့ အဓိပ္ပါယ်တစ်မျိုးပါတဲ့ အသံထဲနဲ့ပြောရှာတယ်

ဒါနဲ့
မောင်းပြေးတဲ့ကားကိုကြည့်လိုက်တော့ မှန်အမဲတွေနဲ့ဗျာ၊ ဟာသွားပီလို့
စိတ်ထဲမှာထင်တာကို အထောက်အကူ ပြုသွားတာက ဒီကားက ဘာကားမှတ်လို့လဲ
သူတို့ကြောက်ရတဲ့ ဌာနက အပွင့်ကြီးတစ်ပွင့်နဲ့ အပွင့်လေး နှစ်ပွင့်ရှိတဲ့
ဆရာကြီးရဲ့ကားဗျ ဆိုပြီး အဆိုပါလူက သက်သေထုတ်ပြတယ်ဗျာ။ ပြီးတော့လည်း
ဟမ်းဖုန်းကြီးထုတ်ပြီး ဆရာရေ ဒီမှာ ကားတိုက်မှုဖြစ်နေလို့
ရှင်းပေးပါဦးဆိုပြီး ဆက်လည်းဆက်လိုက်ရော ထောက်လှမ်းရေးရော
မော်တောပီကယ်ကော လေထဲမှာ အငွေ့ပျံသွားသလား အောင့်မေ့ရတယ် ပျောက်သွားရော။
သိတ်မကြာခင်ပဲ မှန်နက်ကြီးနဲ့ ဇိမ်ခံကားတစ်စီး ရောက်လာပြီး အဆိုပါ
အပွင့်ကြီးနဲ့ ဆရာသမားလည်း အတိုက်ခံရတဲ့ ကကကားကို အရင်မကြည့်ပဲ
သူ့ကားကိုပဲ စိုးရိမ်တစ်ကြီး ကြည့်ရှာတယ်ဗျာ။ ကကသမားတော့ သွားပီလို့
စိတ်ထဲက တန်းသိလိုက်တယ်။

ဟိုးအရင်တုန်းကလဲ
ဗီအိုင်ပီ ကားတွေလာနေရင် ကားမှန်သမျှ ရှောင်ပေးရတယ်၊ ရှောင်မပေးရင်
ဖင်နဲ့ရိုက်သွားပြီး လျော်ကြေးလည်းတောင်း၊ တစ်ပါတ်လဲ အချုပ်ခံလိုက်ရတယ်။
အခုတော့ အဲ့ဒိစနစ်ပြောင်းသွားပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဗီအိုင်ပီ
ကားတစ်စီး ဖင်နဲ့ရိုက်သွားတာ ဆရာကြီး သားသမီးတစ်ယောက်ရဲ့ ကားဖြစ်နေလေတော့
ယာဉ်ထိမ်းရုံးမှာ ပြဿနာတက်ပြီး အဲ့လိုမလုပ်တော့ဘူး၊ ဒါပေမဲ့
နံပါတ်မှတ်ပြီးတော့ ဖမ်းတာတော့ ရှိတုန်းပဲလေ။ အခုလည်း ကကသမားတော့
သူ့ကားပျက်တာ သူဟာသာပြင်ရုံတင် မကဘူး ဟိုကားကိုလည်း ပျင်ပေးရဦးမယ်
အဆင်မသင့်ရင် အဖမ်းတောင် ခံရမှာ။ ကက သမားခမျာ မျက်နှာလေး သေးသေးလေး
ရှိတော့တယ်၊ ယာဉ်ထိမ်းအပွင့်နဲ့ ဆရာသမားကလည်း ဟေ့ကောင် မင်းဘာလုပ်နေလဲ
ဟိုကားဘယ်လောက် ပျက်သွားပီလဲ မင်းအရှိန်မထိမ်းနိုင်ပဲ ၀င်တိုက်တာ
စသည်ဖြင့် ဟောက်ပါလေရော။

အဲ့ဒိအချိန်
ကက ပေါ်မှာ ပါလာတဲ့ ခန့်ခန့်ထည်ထည် အမျိုးသမီးကြီးနှစ်ယောက်အနက် တစ်ယောက်က
ကကဆရာကို မောင်လေး ဘာဖြစ်လို့တုန်းလို့ မေးမြန်းသံကြားပြီး ကက သမားက
ရှင်းပြနေတုန်းမှာ အပွင့်ကြီးက ပါစင်ဂျာနဲ့ မဆိုင်ဘူး ဘာဘူးနဲ့
ပြောသံကြားလိုက် ရပါတယ်။ အဲ့ဒိအချိန်မှာ ခန့်ခန့်နဲ့ အစ်မကြီးတစ်ယောက်က
ဟမ်းဖုန်းလေးဖွင့်လို့ နံပါတ်အချို့နှိပ်ပြီး ညင်ညင်သာသာ စကားနဲ့
လှမ်းပြောနေတာ တွေ့ရပါတယ်။ ကက သမားနဲ့ အပွင့်ကြီး၊ အပွင့်လေးတို့
စကားများနေကြတုန်းမှာ မာဇဒါဂျစ်ကားနှစ်စီးနဲ့ ရဲဘော်နှစ်ယောက်
ပေါက်ချလာပါတော့တယ်။ အပွင့်ကြီးကို အလေးပြု၊ ဟိုဘက်စုံစမ်း၊
ဒီဘက်စုံစမ်းနေတုန်း အပွင့်ကြီးက မင်းတို့နဲ့ဘာဆိုင်တုန်းကွဆိုတဲ့
ဟောက်သံလည်း ကြားရပါတယ်။

သိပ်မကြာခင်
ရဲဘော်လေးက ဟမ်းဖုန်းလေးထုတ်ဆက်ပြီးနောက် အပွင့်ကြီးစီ
လက်လွှဲပေးလိုက်တာကို တွေ့ရပါတယ်။ နှုတ်မှလည်း အိမ်တော်ကပါလည်းဆိုရော အဆိုပါ
အပွင့်ကြီးခမျာ ထိုဖုန်းလေးအား ရို့ကျိုးစွားနဲ့ လေးလေးစားစား
ကိုင်တွယ်ပြီး ပြောနေတာကို တွေ့လိုက်ရပါတယ်။ စပ်စုတတ်တဲ့ချက်ကြီးလည်း
သွားနားထောင်ကြည့်လိုက်တော့ နို့နံ့တောင် မစင်သေးတဲ့ သူငယ်တစ်ယောက်ရဲ့
အဆင်ပြေအောင် လုပ်ပေးလိုက်ပါ ဘာညာ ဆိုတဲ့စကားသံလေး ကြားလိုက်ရပါတယ်။

အပွင့်ကြီးခမျာမှာတော့
ပုတ်သင်ညိုလို ခေါင်းကို အသားကုန်ငြိမ့်နေတာ တွေ့လိုက်ရပါတယ်။
သိပ်မကြာခင်မှာ အစ်မကြီးတို့ နေကောင်းလား၊ ခုနက မသိလို့ပြောတာ
ဗွေမယူပါနဲ့နော်၊ ညီလေး မင်းဘာဖြစ်ချင်လဲ ဖြစ်ချင်တာပြောနော် အစ်ကို
အကုန်လုပ်ပေးမယ် စတဲ့ အပွင့်ကြီးရဲ့ အကယ်ဒမီရှော့ရလောက်တဲ့ ပျောင်းလဲမှုကို
တွေ့လိုက်ရပါတယ်။ ထိုသို့ ပြောင်းလဲသွားတဲ့ အခြေအနေကို အကဲခတ်မိတဲ့
ယာဉ်ထိမ်းက ဆရာသမားတွေလည်း စုံစမ်းပြီးသကာလ ကက ပေါ်ပါတဲ့ ပါစင်ဂျာ
အစ်မကြီးများဟာ အိမ်တော်က အချစ်တော်မြေးလေးကို ကျူရှင်ပြနေတဲ့
ဆရာမများမှန်းလည်း သိရော ပျာကုန်ပါတော့တယ်။ ဇာတ်လမ်းစစ်လိုက်တော့ အဆိုပါ
ဆရာမများဟာ မြေးလေးအတွက် ယတြာချေရန် ရွှေတိဂုံသို့ အသွားမှာ ယခုလို
ပြဿနာဖြစ်မှန်းလည်း သိလိုက်ရပါတယ်။

ယာဉ်ထိမ်းများလည်း
ညီလေး မင်းအဆင်ပြေမှပြောနော်၊ လက်ခံနော် မင်းအဆင်မပြေရင်
အစ်ကိုတို့တစ်ဖွဲ့လုံး ချောင်ရောက်မှာ စသည်ဖြင့်တောင်းပန်ပါတော့တယ်။
စောစောက မူးပြီးဝင်တိုက်၊ ရမ်းကားတဲ့ ကားဆရာခမျာမှာတော့ အပွင့်ကြီးရဲ့
ဟောက်သံတွေအောက်မှာ မျက်ရည်လေး ကလည်ကလည်နဲ့ နားထောင်နေရင်း ကက သမားကို
အနူးအညွန့်ကို တောင်းပန်နေရှာတော့တယ်။ ဇာတ်လမ်းလေးဆုံးတော့လား ကက သမားခမျာ
ကံကောင်းလို့ လျော်ကြေးထိုက်ထိုက်တန်တန် ရသွားတာပေါ့၊ ဘာအားကိုးမှသာ
မရှိရှာရင် အချုပ်ထဲတန်းရောက်ပြီး သူ့အိမ်သူအိမ်သားတွေ
စိုးရိမ်ပူပန်နေရမှာကို တွေးမိရင်း.........


: mikemike

No comments:

Post a Comment