home

Friday, October 22, 2010

တွေ့ မြင်နေရသော

ကျနော်လည်း စာတွေမရေးဖြစ်တာကြာပြီ၊ ဟိုအရင် ၂ နှစ်ကျော်လောက်က ဘလော့် တစ်ခု

လုပ်ပြီး စာရေးသေးတယ်၊ နောက်အကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်တာကြာသွားတော့

မိမိ ဘလော့်ကို ပြန်ပြီး ပတ်ဝပ့် password မမှတ်မိလို့ ဒီအတိုင်းပဲ့နေလိုက်တာ၊ ပြီးကတဲ့ တစ် လ လောက် က

အမေရီကား ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်က စာတွေ ပြန်ရေး၊ပြန်ဖတ်ဖို့  ပြောလာလို့ 

စာပြန်ရေးတာတွေကို အစပျိးလိုက်ခြင်းဖြစ်တယ်၊ ကျနော်ကိုယ်တိုင်က စာကို ကောင်းကောင်း

မရေးတတ်ဘူး၊ စိတ်ထဲရှိတာတွေ့ ကိုပဲ ရေးချနေတာဖြစ်တယ်၊

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းကတော့ အားပေးတယ်၊ ရေးတာရေး၊ မင်းက စာရေးဆရာမဟုတ်ဘူး၊

စာကောင်းကောင်းမဖြစ်လည်း ကိုယ်ကြုံတွေ နေတာကို သမိုင်းသဘောမျိုး ရေးဆိုလို့ ရေးနေတာပါ။

အခုမှ ဘလော့် အသစ်တစ်ခု ထပ်ဖွင့်ပြီး စာပြန်ရေးနေတာ၊ မကောင်းလည်းကိုယ်ပဲ၊ ကောင်းလည်း

ကိုယ်ပဲ ဆိုတဲ့ ကိုခိုင်ထူး ရဲ့ သီချင်းလိုပဲရေးနေတယ်ဗျာ။။။။။

ဒီနေ့ တော့ အင်တာနက်စာမျက်နာ မှ ဖေ့ဘွတ် နဲ့ မြန်မာပြည် သတင်း တစိချိုကို ဖတ်ပြီး စိတ်ဝင်

စားစရာများ နဲ့ ဝမ်းနည်းစရာများတွေ့ လိုက်ရတယ်၊

ကိုမိုးသီး ဖေ့ဘွတ်ပေါ်မှာ ကျောင်းသားတပ်မတော် စခန်းအသီးသီးရဲ့  ဓါတ်ပုံ တစ်ချိုကို တင်ထား

တာတွေလိုက်ရတော့ အရမ်းဝမ်းသာစွာနဲ့ လျှောက်ကြည့်ဖြစ်တယ်၊ တစ်ချိုရဲ့ ထင်မြင်ချက်များရေးထား

တာကိုလည်းလိုက်ဖတ်ဖြစ်တယ်၊ ဘာပဲဖြစ်ဖြစ် ကျောင်းသားတပ်မတော်ရဲ့ သမိုင်းတွေပဲဖြစ်တယ်။

အဲဒီမှာ ဘာကိုတွေရသလဲဆိုတော့၊ တစ်ချိုအမြင်မှာ ဟိုပြောဒီပြောလုပ်တာတွေတွေ့ ရတယ် မိမိ

ဘာမှ မလုပ်ဆောင်ခဲ့ဘဲ သူများတွေ လုပ်ဆောင်ခဲ့တဲ့ သမိုင်းကို အမြင်မကြည်တာတွေရှိနေတယ်၊

လက်နက်ကိုင် တော်လှန်ရေးကို မဝါဝင်ခဲ့သော်လည်း၊ ယ္ခုအချိန် မိမိတိုင်းပြည်အတွက် လက်ဆောင်နေလား

ကြည်လိုက်တော့ ဘာတစ်ခုမှလုပ်ဆောင်နေတာမရှိဘူး၊ မင်းသားကြီးလုပ်ရရင်လုပ်ရ၊ မလုပ်ရရင်

ပတ်မကြီး ဖောက်ပြစ်မဲ့သူတွေ ဖြစ်နေတာတွေ့ ရတယ်၊

လူဆိုတာ ကိုယ်သမိုင်း ကိုယ်ရေးနေတာ အားလုံးအသိဖြစ်တယ်၊ သူများတွေ အနစ်နာခံ လုပ်ဆောင်ခဲ့တာ

တွေ့ ကို လေးစားတန်ဖိုးထားတပ်ရမယ်၊ မိမိ မလုပ်ဆောင်နိုင်သော အရာများကို သူများတွေ့ လုပ်ဆောင်

ခဲ့တဲ့ အတွက် ဝမ်းသာမူတွေ့ ဖြစ်ရမယ်၊အဲဒီလို သဘောမထားရင်တော့၊ ရန်သူစစ်အာဏာရှင်ရဲ့  နောက်လိုက်

ခွေး ဖြစ်သွားမယ်၊

တစ်ချိုလည်း လက်နက်ကိုင် တော်လှန်ရေး မှ တက်ကြွစွာ ပါဝင်ခဲ့သော်လည်း၊ ယ္ခုအခါ မိသားစု အရေး

အတွက် ရုန်းကန်လှူပ်ရှားနေရတော့ နိုင်ငံရေး လောကနှင့် ဝေးကွာသွားတာ တွေနေရတယ်၊

ဘာပဲဖြစ်ဖြစ် သူရဲ့ ဖြစ်သန်းခဲ့သော တော်လှန်ရေး သမိုင်းကို တော့ အသိအမှတ်ပြုရမည်။

ကျနော်လည်း မြန်မာပြည် သတင်းတွေ ဖတ်နေရင်း ဘာတွေရေးဖြစ်မှန်းတောင် မသိတော့ဘူး၊

စိတ်ထဲနည်းနည်း ဒေါသလေးတွေပေါ်လာလို့ ရှောက်ရေးမိနေတယ်၊ထားလိုက်ပါတော့

အခုလောလောဆယ် တိုင်းပြည်မှာ ဖြစ်နေတာတွေလေ့လာကြရအောင်၊ ရခိုင်ပြည်မှာ မုန်တိုင်း

တိုက်နေတာတွေ၊ နိုင်ငံတော်အလံကို စစ်အာဏာရှင်ခွေးတွေစိတ်ကြိုက် ဘာအရောင်တွေမှန်းမသိ

ဘာအဓိပ္ပါယ်ဆောင်မှန်းမသိတဲ့ ပြောင်းနေလိုက်ကြတာ၊ အော်တိုင်းပြည်ကြီးပျက်စီးတာရစရာကို မရှိတောဘူး၊

တိုင်းပြည်က စစ်အာဏာရှင် အောက်မှဘယ်တော့ လွတ်မြောက်မလဲ့မသိတော့ဘူး၊

ရွှေးကောက်ပွဲ သတင်းတွေ ဖတ်လိုက်၊ ဝေဖန်ရေး ဆောင်းပါးတွေဖတ်လိုက် နဲ့ တစ်ရက်တစ်ရက်

အရှူပ်တွေ့ လုပ် နေလိုက်တာ၊ ကျောင်းစာ ကြည့်ဖို့ တောင် မေ့သွားတယ်။။

အချိန်ရှိတုန်း ဓါတ်ပုံ နဲ့ ဗီဒီယို တည်းဖြတ်မူ လေ့ကျင့်ခန်း ကျောင်းစာကြည့် မည်လို့ လုပ်တုံး

သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာလို့ အချိန်အတော်ကြာကြာစကားကောင်းသွားတာ၊

ဘာတွေလုပ်လို့ ဘယ်ကစရမှန်းတောင် မသိတော့ဘူး ...........


အခုညတော့ အိပ်နိုင်မည် မထင်ဘူး…….

ကိုခိုင်ထူးရဲ့  စစ်ကိုင်းလမ်း သီချင်းလေး နားထောင်လိုက်တာပဲကောင်းပါတယ်

ကိုလင်း

No comments:

Post a Comment