“အို...အဆွေ၊
သင်သည် သစ္စာတရားကို ချည်နှောင် မထားနိုင်
သစ္စာတရား၌ နေရာမရှိ။
ဘုရားကျောင်းလည်းမရှိ၊ ယဇ်ပလ္လင်လည်းမရှိ။
အိုအဆွေ၊
မိစ္ဆာဒိဋ္ဌိဟု ပြောသည့် အယူကို မိစ္ဆာဒိဋ္ဌိများထံတွင် လည်းကောင်း၊
သမ္မာဒိဋ္ဌိဟု ပြောသည့် အယူကို သမ္မာဒိဋ္ဌိများထံတွင် လည်းကောင်း ထားပစ်ခဲ့ပါ။
သင်ကမူ မိမိအတွေ့အကြုံ အစုအပုံထဲမှ သစ္စာတရားကို သိုမှီးသိမ်းဆည်းထားပါ။”
ပါရဂူ
၁၅-၁၀-၇၁
No comments:
Post a Comment