ဒီနေ့ လည် ကျနော်တို့ နေထိုင်ရာ ယူဗာစကူးလား မြို့ ရှိ နိုင်ငံခြားသားများ ဆိုင်ရာနှင့် ကူညီနေသော
ရုံးတစ်ခု မှ ကျနော်တို့ အဖွဲ့ ၏ နှစ်စဉ် လှူပ်ဆောင်မူများကို သိခြင်သောကြောင့် သွား ရောက်
ဆွေးနွေးခဲ့သည်၊ ကျနော်နှင့် အခြားမိတ်ဆွေ နှစ်ဦးပေါင်း သုံးဦး သွားရောက်ဆွေးနွေးခဲ့သောလည်း
ကျနော်တို့ အဖွဲ့ အတွက် ဘာမှအကူးအညီ ရမလာခဲ့ပါ၊
ကျနော် တို့ မြန်မာပြည်သားများသည် ဒီနိုင်ငံတွင် ရောက်ရှိနေထိုင်စဉ်အတွင်း မိမိတို့ ၏ ရင်သွေးငယ်များအတွက် မြန်မာစာပေများ သင်ကြားနိုင်ရန်မြန်မာစာသင်ကျောင်းလေးတစ်ခုကြိုးစား ဖွင့်လှစ်ခဲ့သော်လည်း၊ ငွေကြေး အစဉ်မပြေသောကြောင် ယာယီရပ်နားထားရသည်၊
ကျနော်အပါအ၀င် မိတ်ဆွေတစ်ခိုပူပေါင်းပြီး၊ မြန်မာပြည်၏ ယဉ်ကျေးမူဆိုင်ရာ၊ ဘာသာရေးဆိုင်ရာများ၊
ကျနော်တို့ လုပ်နိုင်သည် အခြအနေပေါ်မူတည်ပြီး ဖင်လန်နိုင်ငံ တွင် ဖေါ်ထုတ်ပြသနိုင်ရန်၊ တစ်ခါတစ်ရန်၊ အမိမြန်မာပြည်အတွက် နိုင်ငံရေး လုပ်ငန်းများပါလုပ်ဆောင်နိုင်ငံ အဖွဲ့ လေးတစ်ခု ကြိုးစားပြီး ဖွဲ့ စည်း
ခဲ့သည်၊
ကျနော်တို့ အဖွဲ့ သည် မိမိနိုင်ငံသားများ လူမိုးမရွေး ကူညီနီုင်ရန် ကြိုးစားလုပ်ဆောင်ခဲ့သည်၊ မိမိနိုင်ငံ၏
ရိုးရာ ပွဲတော်များကိုလည်း ကျင်းပခဲ့ကြသည်၊
ကျနော်တို့ ၏အခိုသောအခက်အခဲ့များမှာ၊ ငွေကြေးမပြည့်ဆုံခြင်း၊ မည်သူ့ ၏အကူအညီကိုမှ မရခဲ့ခြင်း၊
အခိုသော အနှောက်အယှတ် ကလေးများ ရှိခြင်း၊ တစ်ခါတစ်ရံ ဘ၀မေ့နေသော မြန်မာပြည်ဖွါး လူတစ်
ခိုရှိနေခြင်း၊ အဲဒီလို အခက်အခဲ့လေးများ တွေ့ နေရတယ်။
ဘယ်သူတွေ ဘာတွေဖြစ်ဖြစ် ကျနော်တို့ စိတ်ဓါတ် တူညီသော မိတ်ဆွေများ ကတော့ ဒီလှေကြီးကို ဆက်
လက်လှော်နေတုံး၊ မိမိတို့ ရောက်ခြင်သော ပန်းတိုင်ကို မမောမပန်း ဆက်လက်ချီတက်နေဆဲ့ပါ။
ဘာတွေပဲဖြစ်ဖြစ် စိတ်ထဲ့မှာတော့မြန်မာ စကားပုံလေးလို…. နေရိပ်ကိုလိုခြင်ရင်၊ နေပူကလျှောက်
ဆိုသလို မိမိလုပ်စရာရှိတာကို မိမိအသိစိတ်ဓါတ်ဖြင့် လုပ်ဆောင်သွားနေရန်သာရှိတယ်။ ဘယ်သူကိုမှာလည်း
အပြစ်တွေမတင်ခြင်တော့ပါဘူး၊
စိတ်တွေ ညစ်နေလျှင်တော့ ……… ကိုခိုင်ထူးရဲ့ သီချင်းလေး …. ””တို့ လာတယ် “”… ကို ဖွင့် ပြီးနားထောင်
လိုက်တယ်….
ကိုလင်း
No comments:
Post a Comment