home

Tuesday, October 19, 2010

ရွှေဝါပြည်

ရန်ကုန် ဘဆွေ ၏ ရွှေဝါပြည် စာအုပ်မှ အကြောင်းအရာလေးများ.......

ရွှေဝါပြည်သည် ဆန်ပေါ၏

ထိုကြောင့် ရွှေဝါပြည်သားတို အားလုံ့း ထမင်းဝနေကြ၏ ၊ ထမင်းဝသောကြောင့်
ထုံးစံအတိုင်း ပျင်းကြ၏၊

ပျင်းသောကြောင့် တဖြည်းဖြည်း ဖျင်းလာကြ၏ ၊ ဖျင်းသောကြောင့်
ကြာသော ငတ်ကုန်ကြ၏ ၊

ထိုပြင် ရွှေဝါပြည်သူပြည်သား အားလုံး ဘာမျှ မအောင့်နိုင် စိတ်အားညံဖျင်းလာကြသည်၊

ဘယ်သူမဆို မိမိအဖို့ ချည်း စဉ်းစား လာကြသည်၊

ဘာကိစ္စ မဆို မိမိဘက်ကချည်း တွေးတော လာကြသည်..

ဒီစာအုပ်ပါ အကြောင်းအရာတွေ က ကျနော်တို့ ပြည်ပကို ရောက်နေကြသော ရွှေဝါနိုင်ငံသား အများစုနဲ့ သွား
ပြီးတူနေတာ တွေရတယ်၊
ကိုယ်နိုင်ငံ မှာ ဘာတွေဖြစ်နေနေ ကိုယ်နဲ့ မဆိုင်သလို နေကြသူတွေ၊ ကိုယ်လူမိုး အချင်းချင်း ရိုင်းပင်း ကူညီမူ မပေးခြင်သူတွေ အရမ်းများနေကြတာတွေ့ ရတော့ စိတ်အလွန်ထိခိုက်ရတယ်၊
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တစ်နာရီလောက် ဆန္ဒ ထုတ်ဖေါ် တောင်းဆိုမူများ လုပ်ရန်
သွားရောက် ခေါ်ယူ စည်းရုံး သော်လည်း မလိုက်ပါသူတွေ အများစုဖြစ်နေတယ်။။။

ကျနော်တို့ ရွှေဝါပြည်ကြီးက ဘယ်တောများ ညီညွတ်မူရမလဲတော မသိဘူး၊ လောလောဆယ်တော့ အားလုံးက
ကိုယ်ကိုးပဲကြည်နေကြတယ်။။

ဒီနေတော ခံစားမူ လေး အနည်းငယ် ရေးလိုက်ရတယ်.... ညလည်းမိုးခူပ်ပြီ၊ ရေခဲလည်း ကြနေတယ်
ဒီလိုပဲ ဖင်လန် နိုင်ငံရာသီဥတုက အဆိုးမရ၊ တစ်နာရီ တစ်မိုး လှည့်ပြောင်းနေတာ...အချိန်ရှိတုန်း

ဂျော်နီ လမ်းလျှောက်လေး ပြေးဝယ်လိုက်အုံးမယ်....

No comments:

Post a Comment