home

Thursday, October 28, 2010

ဘုန်း ဋ္ဌကီးကျောင်း

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ဒီနေ့ တော့ ဟဲဆင်ကီး မှာ ဗုဒ္ပဘာသာ ဘုန်းကြီးကျောင်း အရေးသွားရောက် ပြီး ဆွေးနွေးခဲ့တယ်။

ပြဿနာ လေးအခိုရှိနေသောလည်း အစည်းအဝေး တက်ရောက်လာသူအားလုံးက ညီညီညွတ်ညွတ်

ဆက် လက်လုပ်ဆောင်သွားရန်သဘောထားရှိကြတယ်၊ အင်မတန် ဝမ်းသာဖို့ ကောင်းတာတွေ့ ရှိရတယ်၊ ကျ နော်တို့ အနေနှင့် ဒီလို ပြည်ပတိုင်းပြည်များမှာ ဗုဒ္ပဘာသာဘုန်းကြီးကျောင်းတစ်ခုဖြစ်ဖို့ အင်မတန် ခက်ခဲ့ ကြောင်း အားလုံးသိကြပါတယ်၊ အခုလို ဝိုင်းဝန်း မတည့် တည်ထောင်ခဲ့ပြီးနောက် ပျက်စီး ဆုံးရှူံးသွား မှာကို မည်သူ မှမလိုလားကြပါ၊ ထိုကြောင့် မည်သည်အခက်အခဲ့ပဲရှိရှိ ဆက်လက် ပြီး ဝိုင်းဝန်းလုပ်ဆောင်ကြရန် အစည်းအဝေး တက်ရောက်သူအားလုံးက ဆုံးဖြတ်ကြသည်။

ကျနော်နေသော မြို့ နှင့် ယ္ခု ဘုန်းကြီးကျောင်း တည်ရှိသော မြို့ မှာ ၂ နာရီကျော် ကားမောင်းသွားရသောကြောင့် တစ်ရက်ကြို့ ပြီးသွားရသည်၊ ကျနော်နှင့်အတူ မိတ်ဆွေ နှစ်ဦးပါလိုက်လာခဲ့သည်အတွက် လမ်းခရီးတစ်လျှောက် ပျော်ပျော်ရွှင်ရွှင်ဖြစ်ခဲ့သည်၊ တစ်ခြား အစည်းအဝေး လာသူများကလည်းရပ်ဝေး မှလာသူအားလုံးပင်ဖြစ်သည်၊

မိမိတို့ အစည်းအဝေးလာသူအားလုံးမှာ ဘုန်းကြီးကျောင်းအတွက် ရည်ရွယ်ချက်ချင်း တူကြသောကြောင့် အင်မ တန် ကောင်းမွန်သောတွေ့ ဆုံမူးဖြစ်ခဲ့သည်၊ ဆရာတော် ဦးဥတ္တရ မှလည်း အင်္ဂလန် မှ ချက်ခြင်းကြွလာခဲ့ သော် ကြောင့် အနာဂါတ် လုပ်ငန်းစဉ်များပါ ဆွေးနွေးဖြစ်ခဲ့သည်၊

နောက်လ နိုဝဘာင်္ လတွင် စုပေါင်းဘုံကထိန် ကျင်းပရန် အတွက်ပါ ဆုံးဖြတ်ခဲ့ကြသည်၊ ထိုဘုံကထိန်သည် ဖင်လန်နိုင်ငံ ရောက်မြန်မာပြည်သားများနှင့် ဗုဒ္ပဓမ္မ ရံသီ ဘုန်းကြီးကျောင်း အတွက်ပါ ပထမဆုံး လုပ်ဆောင်မူ ဖြစ် သည်၊ ထိုကြောင့် အကောင်းမွန်ဆုံး ဖြစ်မြောက်အောင်မြင်အောင် အစွမ်းကုန် လုပ်ဆောင်ရမည်၊

ကျနော်တို့ နေသောမြို့ မှ ဗုဒ္ပဘာသာ ဝင်များရော တစ်ခြားဘာသာဝင်များကိုပါ ဖိတ်ကြားရမည်၊ ထိုအတူ ဘုံက ထိန်အတွက် အလှူခံရမည့် လုပ်ငန်းများရှိနေသေးသည်၊ မိမိ မိတ်ဆွေများကို နောက်တစ်ပတ် တက်ရောက် အစည်း အဝေးခေါ်ယူရအုံးမည်၊

ဘုံကထိန်အတွက် ပဒေသာပင် လုပ်ရန်နှင့် အလှူနေ့ တွင် ခရီးသွားဖို့ ကားကိစ္စများလည်း ဆွေးနွေးတိုင်ပင်ရအုံး မည်။

No comments:

Post a Comment